Midnight-2

409 34 19
                                    

"ထိုင်လေjungkookစားကြမယ်"

"ဟို ဟိုလေ"

"ဘာလဲ"

"မေမေလေးကညစာနဲ့မနက်စာမစားနဲ့တဲ့"

"မင်းကဘာလုပ်လို့အမေကမစားခိုင်းတာလဲ"

"ဟို သူ့အကျီတွေနဲ့ကျွန်တော့်
အကျီတွေကိုအဝတ်လျှော်စက်နဲ့ရောလျှော်မိလို့"

"အော် လာထိုင်စားအမေ့ကိုပြန်မပြောဘူး"

"ဗျာ တ တကယ်"

"စားမှာလား မစားဘူးလား"

"ကျေးဇူးပါအကို"

"ထိုင်စားတော့မင်းလုပ်တာနဲ့တင်ဟင်းတွေကအေးတော့မယ်"

အကိုကမေမေလေးလိုမဟုတ်ဘူးသူ့အပေါ်မသိမသာကောင်းပေးတယ် ဒါပေမယ့်အကိုကမေမေလေးထက်စိတ်ကြီးတယ်

တစ်ခါတုန်းကဆိုသူ့အဖေလက်ဆောင်ပေးထားတဲ့ဖန်ခွက်လေးကိုခွဲမိလို့ဆိုပြီးအခန်းထဲမှာပိတ်ထားတာ

အဲ့နေကဆိုရေလည်းမသောက်ရ အစားလည်းမစားရဘဲတစ်နေကုန်အမှောင်ခန်းကြီးထဲမှာပိတ်ထားတာအဲ့နေကစပြီးအကိုပစ္စည်းတွေကိုသန့်ရှင်းရေးမလုပ်ပေးရတော့ဘူး

ညစာလည်းစားပြီးရောjungkookကစားထားသမျှပန်းကန်တွေဆေးရတော့တယ်

"jungkookပန်းကန်ဆေးပြီးအိပ်တော့နော်"

"ဟုတ်အကို"

ပန်းကန်ဆေးပြီသူ့အခန်းထဲလည်းဝင်လိုက်ရောအခန်းကမှောင်မဲနေတယ် မီးသီးကလည်းပျက်နေတာမပြင်ရသေးဘူး

အရင်နေ့တွေကဆိုလရောင်ကပြတင်းပေါက်ကနေဖြာကျပေ
မယ့် ဒီညကတော့အဲ့လိုမဟုတ်

jungkookလည်းပြတင်းပေါက်ကနေကောင်းကင်ကိုကြည့်လိုက်တော့မနက်ဖြန်လကွယ်နေ့ဘဲ

သူငယ်ငယ်ကတည်းကနေခဲ့တဲ့အိမ်ကမေမေလေးနဲ့အကိုပြောင်းလာတဲ့နေကစပြီးထူးခြားလာတယ်

အထူးသဖြင့်လပြည့်လကွယ်နေ့တွေဆိုအပေါ်ထပ်ကအကို့အခန်းဆီကအော်သံတွေကြားရတယ်

နောက်ထပ်ထူးခြားတာတစ်ခုကတော့လပြည့်လကွယ်နေ့တွေမှာဆိုလူတွေသေတာဘဲ

MidnightWhere stories live. Discover now