Midnight-11

247 16 2
                                    

မေ့သွားရင်အရှေ့ကအပိုင်းကပြန်ဖတ်ပေးပါ

ထယ်ယောင်းကတောထဲကပြန်လည်လွတ်မြောက်လာကာ သူ့အကိုvကတော့ တောထဲတွင် ထိုမကောင်းဆိုးဝါးကြီးနဲ့အတူကျန်ခဲ့လေသည်။ တောထဲကနေ ငိုယိုလျက်ထွက်လာသောသူ့ကို တောစပ်ကနေစောင့်နေသောအမေက စိုးရိမ်တကြီး ပြေးဖက်သည်။အမေသည် သူ့အကိုထက်သူ့ကိုပိုချစ်သည်။သူ့အကိုမပါလာတာကို သတိမထားမိဘဲ သူ့ကိုသာ ဘာဖြစ်သွားလဲဟူ၍ထပ်တလဲလဲမေးနေလေသည်။

အမေဖြစ်သူအား အကြောင်းစုံရှင်းပြပြီးသည့်နောက် အမေ့မျက်နှာအား တစ်ချက်လှမ်းကြည့်လိုက်သည်။စိုးရိမ်ခြင်းတစိုးတစိမျှပင်မတွေ့။သူ့ဘေးကင်းလာလို့တော်သေးသည်ဟုသာ ထပ်တလဲလဲပြောလို့ မိုးနတ်မင်းအား ကျေးဇူးတွေတင်နေသည်။တကယ််တင်ပေးသော အကိုဖြစ်သူကိုတော့ နည်းနည်းလေးမှ ကျေးဇူးတင်ခြင်း၊သနားခြင်း၊ဝမ်းနည်းခြင်းမရှိ။အမေဖြစ်သူလုပ်ရက်တို့အား အံ့သြလွန်း၍ ကြောင်နေမိသည်။ထိုနေ့မှစ၍ အမေဖြစ်သူအား သူ့ခပ်တန်းတန်းသာဆက်ဆံဖြစ်သည်။တစ်နှစ်လောက်ကြာတော့ အမေဖြစ်သူက နောက်ယောကျာ်းယူကာ ထိုယောကျာ်းအိမ်သို့လိုက်နေသည်။ယူလိုက်သည့်ယောကျာ်းတွင် သူနဲ့အသက်သိပ်မကွာသော သားလေးတစ်ယောက်ရှိလေသည်။

ယုန်သွားလေးတွေနှင့်ကောင်းလေးကချစ်ဖို့ကောင်းသလို ဖော်လည်းဖော်ရွေသည်။အမေဖြစ်သူကိုလည်း အမေအရင်းလို ဆက်ဆံပေးသည်။စိတ်ထားလည်းပြည့်ဝသည့်ပုံပင်။စိတ်ထားမပြည့်ဝသူက အမေဖြစ်သူပင်။သူ့ယောကျာ်းရှေ့ဆိုတစ်မျိုး၊နောက်ကွယ်ဆိုတစ်မျိုး ဂျောင်ဂုကိုဆက်ဆံသည်။သို့သော်ဂျောင်ဂုဆိုသော ကောင်လေးကအဖေဖြစ်သူကိုပြန်မတိုင်ဘဲ သည်းခံပေးသည်။မကြာပါဘူး ဂျောင်ဂုအဖေသည်လည်း သူ့အမေလက်ချက်နဲ့ ဆုံးပါးသွားတော့သည်။ဂျောင်ဂုအဖေပိုင်ဆိုင်သမျှအားလုံးသည်လည်း အမေဖြစ်သူ၏နာမည်နဲ့သာ။

ဂျောင်ဂုအဖေဆုံးပြီးတော့ အမေကတဖြေးဖြေးနဲ့ဗီဇပြလာသည်။ဂျောင်ဂုကိုအိမ်ဖော်တစ်ယောက်လို ဆက်ဆံသည်။ရိုက်နှက်တာမျိုးတွေတောင် တစ်ခါတစ်လေလုပ်တတ်သေးသည်။ဂျောင်ဂုအိမ်မှာတတ်နေ၊သူတိူ့ပိုင်ဆိုင်မှုတွေနဲ့သုံးဖြုန်းနေပြီး ထိုသို့မျက်နှာပြောင်တိုက်တာမျိုးတော့ ထယ်ယောင်းမလုပ်ချင်ပါ။အဲ့ဒါကြောင့် ဂျောင်ဂုကိုဆို အနည်းအကျင်းလောက်တော့ ဂရုစိုက်ပေးသည်။ညီလေးတစ်ယောက်လို သံယောစဥ်ထားပေးသည်။

MidnightWhere stories live. Discover now