Midnight-12

160 16 4
                                    

မနက်ခင်းသည်ပုံမှန်အတိုင်းနိုးထလာရသည်။နေရောင်တောင်မထွက်သေးခင် သူသည်ထမင်းဟင်းစချက်ရသည်။မေမေလေးနှင့်အကိုနိုးလာရင်စားဖို့တစ်ခုခုလုပ်ရသည်။ထို့နောက်အဆင်သင့်ခင်းကျင်းပြင်ဆင်ပေးထားကာ လျှော်ရမည့်အဝတ်တွေကိုလျှော်ရသည်။မေမေလေးကနိုးလာသည်ဆိုရင်အမြဲပွစိပွစိနှင့် တစ်ခုမဟုတ်တစ်ခုအပြစ်ရှာကာပြောတတ်သည်မှာအမြဲပင်။

သူပြင်ဆင်းပေးထားသည့် ထမင်းစားပွဲထက်ဝင်ထိုင်းရင်း မနက်စာစားနေသည်။အရသာကလည်းဘာဖြစ်တယ်၊ညာဖြစ်တယ်ဟုဆိုကာ ပါးစပ်ကနေလည်းပြောနေသေးသည်။သို့သော်ပန်းကန်တစ်ခုလုံးကပြောင်လို့သွားလေပြီ။

"ငါ့သားနိုးရင်သေချာပြန်နွှေးပေးလိုက်၊အေးနေတာတွေ ငါ့သားကိုဒီအတိုင်းမကျွေးနဲ့"

"ဟုတ်"

အနီရောင်ဂါဝန်အတိုအကျပ်နဲ့မေမေလေးသည် နုချင်တိုင်းနုလို့နေကာ ယောကျာ်းသားတွေအကြိုက်ပင်။

ခဏကြာတော့အပေါ်ထပ်မှ အကိုဖြစ်သူကဆင်းလာသည်။သေချာစွာဝတ်ဆင်ထားသော suitအနက်ရောင်နှင့်အကိုကခန့်ညားစွာ။လှေကားထစ်မှတစ်ထှစ်ချင်းဆင်းလာသော အကိုဖြစ်သူကိုငေးမောနေမိသည်မှာ မနက်စားထမင်းစားဝိုင်းထက် ဝင်ထိုင်လိုက်မှသာ သတိပြန်ဝင်သည်။

"အကိုစားတော့မလား...ကျွန်တော်ထည့်ပေးမယ်"

မနက်စာစားနေသည်ကိုဘေးမှထိုင်ရပ်စောင့်ပေးနေကာ အကိုဖြစ်သူလိုအပ်သမျှရေဆိုရေ အစစအရာရာသေချာလုပ်ပေးရသည်။စားသောက်ပြီးထထွက်သွားသောအကိုက သူ့အားစကားတစ်ခွန်းမျှပင်မဆို။

ဂျောင်ဂုလည်း အိမ်အလုပ်သာလုပ်ရင်း အိမ်မှာတစ်ယောက်ထဲကျန်ခဲ့တော့သည်။ညနေစောင်းတော့ အကိုကပုံမှန်အလုပ်ဆင်းချိန်ထက်စောစွာအိမ်ပြန်လာတယ်။စိတ်မကောင်းစရာတစ်ခုခုအား ခံစားရသလို နုံးချိနေသည့် ပုံစံမျိုးနှင့် ဝင်လာသည်။အကိုဖြစ်သူက သူ့အားမြင်သည်နှင့် တစ်စုံတစ်ခုအားပြောချင်သလိုလို။ပြောရမှာလည်းအားနာနေဟန်။

"အကိုကျွန်တော့်ကိုပြောစရာရှိလို့လား"

နောက်ဆုံးတော့သူကဘဲ လမ်းစဖော်ပေးရသည်။

You've reached the end of published parts.

⏰ Last updated: Mar 25 ⏰

Add this story to your Library to get notified about new parts!

MidnightWhere stories live. Discover now