Midnight-10

302 27 55
                                    

မနက်ခင်းနေရောင်စူးစူးကြောင့် ဂျောင်ဂုတစ်ယောက် နိုးလာသည်။သို့သော် တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလို နာကျင်နေတာမို့ မထနိုင်ဘဲ ပြန်မှေးနေလိုက်သည်။မှေးနေတုန်းမှာပင် အော်သံခပ်ကျယ်ကျယ်က နားထဲစူးကနဲ။

"jeon jungkook!!!!"

မေမေလေးက နာမည်ကိုအော်ခေါ်ပြီး သူ့အခန်းထဲ ဒေါသထွက်စွာ ဝင်လာသည်။အနောက်မှာလဲ အကိုကကပ်ပါလာသည်။အကို့ကိုမြင်တော့ ညကပုံရိပ်တို့က မျက်လုံးထဲ ပေါ်လာကာ ကြောက်ရွံ့စိတ်နဲ့ရှက်စိတ်တို့​ကြောင့်ခေါင်းငုံ့ထားလိုက်မိသည်။

"နင်ဘာစောက်ချိုးချိုးတာလဲဟမ်!...ငါ့သားလေးကနိုးလာတော့ မနက်စာကစားပွဲပေါ်မှာရှိမနေဘူး...နင်ကတော့ဒီမှာ သေနေတယ်...နင်ကိုယ့်နင်ဘာထင်နေတုန်းဟမ်!!!"

မေမေလေးအပြောအား ဘာမှမပြောနိုင်။သူတစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလို ဖြစ်နေတာတော့ မေမေလေးမသိ။ညကဘာတွေဖြစ်ပျက်ထားလဲဆိုတာကိုလည်း မေမေလေးမသိဘူး။

"စောက်ပါးစပ်ကပါအနေတာလားဟမ်"

"မေမေလေး..နာတယ်"

နားရွက်အား ဆွဲထားသည်မို့ ဂျောင်ဂုမျက်ရည်သာ ကျနေမိသည်။

"တော်လိုက်တော့အမေ...သားသူ့ကိုညကရိုက်ထားလို့ သူမနက်ကမထနိုင်တာ...ဒီနေ့တော့သူ့ကိုခွင့်ပေးလိုက်"

ထိုသို့ပြောလိုက်မှ မေမေလေးက လွတ်ပေးသည်။

"ဒါဆိုလည်း အမေသွားပြီ...ညကျရင်တော့ ပြန်လာချင်မှပြန်လာမယ်"

ထယ်ယောင်းလည်းခေါင်းသာညိမ့်ပြလိုက်တော့တယ်။အမေထွက်သွားတော့ သူရယ်ဂျောင်ဂုရယ်သာ အခန်းထဲ ကျန်ခဲ့လေသည်။

"သက်သာလား"

"ဟုတ်...သက်သာပါတယ်"

"ကျစ်"

မော့ကြည်လာတော့မှ ဂျောင်ဂုမျက်နှာထက် လက်သည်းရာတို့က နေရာယူထားလေသည်။စုတ်တစ်ချက်သတ်လို့ ဂျောင်ဂုနားတိုးကာ မျက်နှာလေးအား ထိကြည့်လိုက်သည်

"နာနေလား"

"ဟုတ်...နည်းနည်းပါ"

ဂျောင်ဂုသူ့အကိုကိုနည်းနည်းတော့ လန့်နေမိသည်။သူ့အကိုကသမန်းဝံပုလွေမဟုတ်လား။

MidnightWhere stories live. Discover now