Part 16.

2.3K 129 4
                                    

Unicode

Min Yoonကစားစရာ​တွေမှာထားတုန်း ​နေ့ခင်းအပြီးလုပ်ရမယ့်projectမို့လက်မှတ်ထိုး​ပေးနိုင်မလားလို့​ပြောလာတဲ့အတွက် jungkookလဲလက်ခံလိုက်ပြီး လက်မှတ်ထိုး​နေတုန်း လက်က​နေအဆွဲခံလိုက်ရတာ​ကြောင့်ထိုင်ခုံက​နေ​တောင် ကျ​တော့မလိုဖြစ်သွားသည်

စိတ်တိုသွားတာ​​ကြောင့် ​မော့​ကြည့်လိုက်​တော့ သူ့ရဲ့ချစ်ရသူ​လေးဖြစ်​နေတာမို့​ဒေါသ​တွေကကြက်​ပျောက်ငှက်​ပျောက်

"​ယောင်းငယ်..."

"မင်းကဘယ်သူလဲ"

Min Yoonအားမီးတောက်​နေတဲ့မျက်၀န်း​တွေနဲ့စိုက်ကြည့်ပြီး​ပြောလာတဲ့taehyung​ကြောင့် ပုခုံး​လေးပင်တုန်တက်သွားရသည်

"Ceo ရဲ့အတွင်း​ရေးမှူး Ji Min Yoonပါ"

"Ji Min Yoon shiiကလုံး၀အရှက်မရှိဘူးပဲ"

"ရှင်ဘာ​ပြောလိုက်တယ်"

"အိုးဟိုးး အနာကိုထိ​​တော့ာစပ်သွားမှာ​ပေါ့ နားလည်ပါတယ်"

အသားဖြူတဲ့Min Yoonမှာ​ဒေါသ​ကြောင့်သိမ့်သိမ့်တုန်​နေတဲ့အပြင် တစ်ကိုယ်လုံးကလဲနီရဲလို့​နေသည်

"​ယောင်းငယ် ​တော်လိုက်​တော့"

"ဘာလို့လဲ သူ့ကိုထိတာမကြိုက်ဘူးလား"

"​ယောင်းငယ် မ​ဟုတ်တမ်းတရား​တွေ​မ​ပြောစမ်းနဲ့"

"အဟက် ရီချင်စရာပဲ အို​ကေ မ​ပြော​တော့ဘူး ငါသွားပြီ"

"​ယောင်း!"

"လိုက်မလာနဲ့ Jeon jungkook!ငါ မင်းကိုဆွဲထိုးမိလိမ့်မယ်"

"နှုတ်ခမ်းနဲ့လား"

"Jeon Jung အွတ်!"

စကားမဆူံးခင်မှာပင်စွာ​တေးလန်​နေတဲ့taehyungအားဆွဲဖက်နမ်းလိုက်တဲ့jungkook

Taehyungရုန်းပင်​မယ့် သန်မာတဲ့လက်​မောင်း​တွေ​နဲ့ချုပ်ထားတာ​ကြောင့်အချည်းနှီးသာ

စား​သောက်ဆိုင်ကPrivate roomထဲမှာမို့ဘယ်သူမှမသိ​သော်လဲ သူတိူ့အ​ရှေ့တည့်တည့်မှာထိုင်​နေတဲ့Min Yoonမှာ​တော့ ထသွားရမလိုလို ဆက်ပဲထိုင်ကြည့်ရမလိုလိုနဲ့ ​တောင့်​တောင့်ကြီးပင်ထိုင်ကြည့်​နေလိုက်ရသည်

He was my BESTFRIEND[completed]Where stories live. Discover now