"မောင် နားကြားမှားတာဖြစ်မှာပါ"
"ဟင့်အင်းမောင်ကြားတာမှန်တယ် ဒါကမောင့်၀တ်စုံ ယောင်းမီးရှို့နေတာကမောင့်၀တ်စုံမောင့်အကျီ"
ယောင်းငယ်ဆီကကြားလိုက်ရတယ့်စကားကြောင့် သူ့တစ်ကိူယ်လုံးကသွေးတွေငယ်ထိပ်ဆောင့်တက်သွားပြီး ခေါင်းတောင်မူးလာသလိုပဲ
"ဘာ..ဘာလို့လဲ "
"မောင့်အကျီမှာ ဟိုအမရယ့်ရေမွှေးနံ့စွဲကျန်ခဲ့တာလေ ယောင်းမုန်းတယ်
မောင့်ရယ့်ကိုယ်လုံးမှာတခြားသူရယ့်အနံ့စွဲကျန်လာတာအရမ်းမုန်းတယ်
အဲ့တာမောင်သိလား""ဟောဗျာ"
ပထမဆူမယ်လုပ်လိုက်ပေမယ့် မျက်ရည်စလေးတွေခိုတွဲလျက်မော်ကြည့်လာတယ့်ယောင်းငယ်ကြောင့် စိတ်ထဲမှာဗလာကြီးဖြစ်သွားရပြီး ခုနက သွေးတက်နေတာတွေတောင်ကြက်ပျောက်ငှက်ပျောက်
"အဲ့တာကြောင့်ရှို့တာ မောင်မကြိုက်လဲ ခုပြာဖြစ်သွားပြီ"
"မောင်မကြိုက်တာမဟုတ်ပါဘူး ရုတ်တရက်မို့လို့ ရှော့ရသွားရုံပါ"
"ညက မြင်ခဲ့ရတယ့်မြင်ကွင်းကိုမောင်သာယောင်းနေရာမှာသာဆိုအဲ့အမကိုဆွဲပဲထိုးပစ်မလား တစ်ညလုံးယောင်းကိုပြသာနာရှာနေလောက်မလားဘဲ"
ယောင်းငယ်ရယ့်ငိုသံသဲ့သဲ့စွက်ကာပြောပြလာတယ့်စကားတွေကြောင့်သူရင်ထဲဒိတ်ခနဲ
*ညကဘာတွေဖြစ်သွားခဲ့တာလဲ*
"ညက မောင်ဘာမှမလုပ်ခဲ့ဘူးနော်ယောင်းငယ် မောင် သူတို့တိုက်တယ့်အရက်ကိုသောက်ခဲ့တယ် ဒါပေမယ့်အရက်ကပြင်းတော့မှောက်သွားတယ်ပြီးတော့မောင်မှတ်မှတ်ရရ မောင်အိမ်ပြန်ရောက်ပြီး ယောင်းငယ်နဲ့ အတူနေခဲ့တယ်လေ"
"အင်းလေ ဒါပေမယ့် မောင်အဲ့အမရယ့်လက်ကိုတွဲပြီးပြန်လာခဲ့တယ်လေ
ကုမ္ပဏီမှာ၀န်ထမ်းက သူတစ်ယောက်တည်းရှိတာမို့လို့လား"မတ်တပ်ထရပ်ကာ သူ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးပြောလာတယ့်ယောင်းငယ်ရယ့်မျက်၀န်းလှလှလေးတွေက မျက်ရည်လေးတွေခိုးအောင်းနေသည်