"Ceo!ဥက္ကဌကြီးရောက်နေပါတယ်"
"၀င်ခိုင်းလိုက်ပါ"
ထို့နောက် အခန်းထဲ၀င်လာတယ့် အဖေက သူနဲ့စကားပြောနေတယ့်ယောင်းငယ်ကိုမြင်တော့ မျက်လုံးပြူး မျက်ဆံပြူးတွေဖြစ်လို့နေသည်
"နေကောင်းလားappa"
"ဟမ်...အော နေကောင်းပါတယ် သားရော"
"သားလဲ အဆင်ပြေပါတယ် အိမ်တောင်လာမလည်ဖြစ်ဘူး သားရော ယောင်းငယ်ရော အလုပ်တွေရှုပ်နေတော့လေ"
"ထယ်ယောင်း သားကရော ကုမ္ပဏီကို အလည်လာတာလား"
"ဗျာ...မ..မဟုတ်"
"အာ..appaသားတို့ကော်ဖီလေးသောက်ကြမလား ယောင်းငယ်"
"ဟုတ်..."
သူ့အနားမှာ ထိုင်နေတယ့် ယောင်းငယ်နား တိုးလိုက်ကာ
"မောင်ကြည့်ရှင်းလိုက်မှာမို့ ဘာမှမစိုးရိမ်နဲ့နော်"
"ယောင်းငယ် စိတ်ချမယ်နော် မောင်"
"ဟုတ်ကဲ့ပါဗျာ"
ထယ်ယောင်း ထိုင်ခုံမှမထခင် အမိအရ နမ်းလိုက်သေးတယ့် ဂျောင်ဂုကြောင့်
ရှေ့မှာရှိနေတယ့် အဖေဖြစ်သူက ဘောင်မ၀င်တာလား ကိုယ်ပျောက်လူသားလိုများမှတ်ယူထားကြသလားပဲ..။"အောက်ထပ်သွားကြရအောင်လေappa"
"အော..သွားကြတာပေါ့ ဒါနဲ့ ထယ်ယောင်းရယ့် ရင်ဘတ်က နာမည်ကတ်ပြားက..."
"အဲ့ဒါက အဲ့လို ရှိတာမို့ မသိချင်တာ အကောင်းဆုံးပါပဲappa"
အဖေထက်သားတစ်လကြီးချင်နေသော ဂျွန်ဂျောင်ကုကိုသူတကယ်မနိုင်ပါ
ငယ်ငယ်တည်းက သူ့အမေကိုလဲ ကြောက်ရ သူ့လဲ ကြောက်ရနဲ့
အိမ်ထောင်ပြုမိတာ နောင်တရတာပဲ"မင်းက အဲ့လိုနော်"
"သားက ဒီလိုကဒီလိုပါပဲ"
"ဂျွန်ဂျောင်ကု! မင်းဝဋ်လည်အုန်းမှာကြည့်နေ"
"ဟင့်အင်း သားက သားကလေးတွေကို လုံး၀ပြားပြား၀ပ်အောင် လုပ်ထားမှာ"
![](https://img.wattpad.com/cover/328911295-288-k31481.jpg)