Part 28.

1.3K 101 6
                                    

"Ceo ကလဲ ကျွန်​တော်တို့တစ်ခါတစ်​လေမှ ဒီလို​ပျော်ရတာကို ceoပါ​၀င်​ပျော်ရင်ဘယ်​လောက်​တောင်​ကောင်းလိုက်မလဲ ceoနဲ့ကလဲခုမှပထမဆုံးမလား"

"ဒါ​ပေမယ့်..."

၀န်ထမ်း​တွေအကုန်လုံးကအင်တိုက်အားတိုက် သူတိူ့နဲ့အတူ​ပျော်ပါးဖို့​ပြောလာတာ​ကြောင့်Jungkookလဲဒီတစ်ည​တော့​​နည်းနည်းပါးပါးသောက်ရန်ဆုံးဖြတ်လိုက်ပြီးအိမ်မှာ​မျှော်နေမည့်​ယောင်းငယ်အား ဖုန်းဆက်လိုက်သည်

သို့​သော်ကျား​ပေါက်က အိပ်​ပျော်​နေသည်လားမသိ ၁၀​ခါ​လောက်​ခေါ်တာ​တောင်ဖုန်းကိုင်ခြင်းမရှိ​တာမို့ မက်​ဆေ့ချ်သာပို့ထားလိုက်ပြီး ၀န်ထမ်းများ​ခေါ်​ဆောင်ရာအတိုင်း သူလဲကာရာအို​ကေအခန်းထဲ​ရော​ယောင်ပါသွား​တော့သည်

"​ရော့ceo"

"ကျွန်​တော်ဒီ​လောက်နဲ့တင်​တော်ပါပြီ ကား​မောင်းရမှာမို့ပါ"

"မရပါဘူး ကား​မောင်းဖို့ကကျွန်​တော်လူ​ခေါ်​ပေးမယ် ဒါ​လေး​တော့​သောက်လိုက်ပါ"

မ​သောက်မချင်းနားပူ​နေမည့်ဟန်မို့ jungkook စိတ်အနည်းငယ်ရှုပ်သွားလျက်ထိုလူ​ပေးတယ့်ခွက်အား​တစ်ကျိုက်တည်း​မော့လိုက်​တော့ ပြင်းလွန်းတယ့်အရသာ​ကြောင့် မျက်နှာ​တောင်အနည်းငယ်ရှုံ့သွားရသည်အထိ

"Cool! Min Yoon ahh"

"ဟုတ်ကဲ့ ဌာနမှူး"

"မင်းအရက်စပ်တတ်တယ်မလား အရင်ကငါ​တို့တစ်ခါစု​သောက်တုန်းကမင်းစပ်​သေးတယ်​လေ"

"အာ..ဟုတ် နည်းနည်းပါးပါး​တော့စပ်တတ်ပါတယ်"

"မင်းရယ့်လက်စွမ်းကိုတစ်ချက်​လောက်ပြလိုက်စမ်းပါ"

"အာ...ရတာ​ပေါ့"

Min Yoonသည်​စားပွဲ​ထောင့်မှာ​နေရာယူကာ ဆိုဂျူခွက်​တွေနဲ့ဘီယာ​ခွက်​တွေကို အစီလိုက်ထားပြီး ​ရောစပ်​နေသည်

​​ယောကျာ်း​လေး​တွေ​ရောမိန်းက​လေး​တွေ​ရော ​​အော်ဟစ်ကာ​ပျော်ရွှင်​နေကြ​သော်လည်းjungkookမှာ​တော့ ခုထိစာမပြန်တယ့်​ယောင်းငယ်​ကြောင့်စိုးရိမ်​နေရသည်

He was my BESTFRIEND[completed]Where stories live. Discover now