Part 24.

1.9K 113 5
                                    

Unicode
"အင်းးးမ်"

Jungkookတစ်​ယောက်​နောက်ကျိ​နေ​သော​ခေါင်းနှင့်နိုးလာခဲ့သည်
မျက်လုံးဖွင့်ကြည့်လိုက်​တော့ ဆိုဖာအမှီ​လေး​ပေါ်မှာ ​ခေါင်းမှီပြီးအိပ်​ပျော်​နေတယ့် ​ယောင်းငယ်​​ကြောင့်သူ သတိထားမိသွားပြီး ထထိုင်လိုက်သည်

"ကျစ်! ​ခြေ​ထောက်နာ​နေ​တော့မှာပဲ"

နာရီကြည့်​တော့ ည​နေ​တောင်​ရောက်​နေ​လေပြီ

သူ​တော်​တော်အိပ်​ပျော်သွားတာပဲ..

​ယောင်းငယ်အိပ်ရတာအဆင်မ​ပြေတာ​​သေချာတာ​မို့ ဂရုတစိုက်​ပွေ့ချီပြီး
အိပ်ခန်းထဲမှာပဲ သိပ်လိုက်ရသည်

သူလဲ လန်းသွား​အောင်​ရေမိုးချိုးလိုက်ပြီး အိမ်မှာစားစရာ​ထွေ​ထွေထူးထူးမရှိ​တော့တာမို့ ပဲ​ခေါက်ဆွဲနဲ့စ​တော်ဘယ်ရီကိ​တ်တစ်လုံးရယ်​​ယောင်းငယ်တီဗွီကြည့်ရင်းစားဖို့snackမျိုးစုံရယ်ကိုonlineက​နေပဲမှာလိုက်သည်

​ယောင်းငယ်နိုးလာရင်​သောက်ဖို့ စ​တော်ဘယ်ရီ​​ဖျော်​နေချိန် အ​ပေါ်ထပ်ကအသံကြားလိုက်တာမို့ အ​ပြေးသွားကြည့်​တော့ ကုတင်​​အောက်မှာ ပုံ့ပုံ့လေး
ငူငူငိုင်ငိုင်နဲ့ထိုင်​နေတယ့် ​ယောင်းငယ်

"​ဟော...ဘယ်လိုဖြစ်ရတာတုန်းဗျာ"

"အိပ်မက်ထဲမှာjiminနဲ့ရန်ဖြစ်တာလွန်သွားလို့ ဟီးး"

​​ယောင်းငယ်ရယ့်စကား​ကြောင့် သူဟားတိုက်ရီမိ​တော့သည်

"​မောင်​​နော်! မရီနဲ့သူများနာသွားတာကို"

"​ဟာ.. ​မောင့်ကျား​ပေါက်​လေးဘယ်နားနာသွားရတာလဲ"

ငိုမဲ့မဲ့နဲ့ တင်ပါး​လေးကိုလက်ညိုးထိုးပြတယ့်​ယောင်းငယ်​ကြောင့် ပါးချိုင့်​ရေး​ရေး​လေး​ပေါ်တယ့်အထိ သ​ဘောတကျပြုံးမိသည်

သူ့အပိုင်​လေးကချစ်ဖို့​ကောင်းလွန်း​နေတာမဟုတ်ဘူးလား

"​​မောင့်အပိုင် မက်မွန်သီး​လေး နာသွားတာပဲ လာလာ ​မောင်ချီမယ်"

လက်​ဆန့်​ပေးလိုက်​တော့ ခိုအားလား ​လေးလိုတွယ်ကပ်လာတယ့်​ယောင်းငယ်ရယ့်ခန္ဒာကိုယ်​လေးက သူ့ရင်ခွင်ထဲမှာပင် နစ်သွားသည်

He was my BESTFRIEND[completed]Where stories live. Discover now