Part 23

1.6K 95 1
                                    

Unicode

"​​မောင်!!!"

"မောင်ရှိတယ်​ယောင်းငယ်
​ယောင်းငယ်ရယ့်​မောင်ရှိတယ်"

အိပ်မက်ဆိုးမက်​နေတယ့်​ယောင်းငယ်က သူ့ကိုသာ ​အော်​ခေါ်ရင်း​ယောင်​နေတာမို့ ရင်ခွင်ထဲထည့်ကာ သီချင်း​လေးညည်းရင်း ​ခေါင်း​လေးပုတ်ကာ ​ချော့သိပ်​လိုက်မှ ငြိမ်သွားတယ့် ​ယောင်းငယ်​ကြောင့် သူသက်ပြင်းအကြီးကြီးချမိသွားသည်

မိုး​တွေကလဲ တစ်ညလုံးမတိတ်ပဲ သည်း​နေတာမို့ မိုးချိန်းရင် တစ်ချက်တစ်ချက် တုန်သွားတယ့် ကိုယ်​လေးကိုသူတင်းတင်းကျပ်ကျပ်​ပွေ့ဖက်ထားလိုက်သည်..မလွတ်စတမ်း​ပေါ့

သူလဲတစ်ညလုံးအိပ်မရ​တာမို့  ​ယောင်းငယ်ကိုသာ ရင်ခွင်ထဲထည့်ရင်း
​ခေါင်း​လူံးလူံး​လေးကို​မွှေးကြူလိုက် မိုးချိန်းလို့ တုန်တုန်သွားတယ့်
အချိန် ကျရင် စိတ်ငြိမ်​အောင် စကား​လေး​တွေ​ပြော​ပေးပြီး သီချင်း​လေးဆိုသိပ်လိုက်နှင့် မပျင်းရ

​နောက်တစ်​နေ့မနက်တွင်

"Hello Jeon Jungkook​ပြော​နေပါတယ်"

"Good morning Ceo,Min Yoonပါ"

"အင်း ဘာကိစ္စရှိလိူ့လဲ"

"မနက်ဖြန်သတင်းစာရှင်းလင်းပွဲကိုအတည်ပြုလိုက်ရ​တော့မလား
​မေးချင်လို့ပါ Ceo"

"အဲ့သတင်းစာရှင်းလင်းပွဲကို​နောက်​ရွှေ့လိုက် အဲ့ရှင်းလင်းပွဲထက်အနှိုင်းမဲ့ပိုအ​ရေးကြီးတယ့်သူရှိတယ်"

"ဟုတ်ပါပြီရှင့် အဲ့ဒါဆို ဒါ​ပဲ​နော်"

"အင်း"

Min Yoonအမှန်တိုင်း၀န်ခံပါသည်
သူသူ​​ဌေး​လေးtaehyungကိုမနာလိုဖြစ်မိသည်
သူတိတ်တခိုးချစ်လာခဲ့ရတယ့်သူက Kim Taehyungကလွဲအကုန်လုံးကို
ပြန်စိတ်၀င်စားဖိူ့မ​ပြောနဲ့ ​​ဘောင်​တောင်မ၀င်​ပေ
သူမသက်ပြင်းအရှည်ကြီးချလိုက်ပြီး လုပ်လက်စအလုပ်ကိုသာ စိတ်နှစ်လိုက်ရသည်

"ဟင်းးး"

"နိုးပြီလား ​ယောင်းငယ် နိုးရင်လဲ ထ ​"

"မထချင်​သေးဘူး အိပ်ချင်​သေးတယ်"
​ပြောပြီး ရင်ခွင်ထဲကို ​ခေါင်း​လေးတိုးပြီး အပီချွဲပြ​နေပါ့သည့် ​ယောင်းငယ်က
တကယ့်က​လေး​လေးပါပဲလား...

He was my BESTFRIEND[completed]Where stories live. Discover now