Part 34

1K 58 2
                                    

2နှစ်ခန့်ကြာ​သော်

"​မောင်​ရေ ​မောင့်သားငို​နေတာ လာထိန်းအုန်း"

"လာပြီလာပြီ ​ယောင်းငယ်"

​အခန်းထဲ၀င်သွား​တော့ ​ယောင်းငယ်ရယ့် ​ရေချိုးပြီးခါစ ပုံရိပ်​ကြောင့်
သူ့​ခြေလှမ်း​တွေရပ်တန့်သွားပြီး ရင်ထဲဗ​လောင်ဆူသွားရသည်

"​ယောင်း ​ရေချိုးပြီးခါစဆို​တော့ က​လေး​အေးသွားမှာဆိုးလို့​မောင်ပဲ​ချော့လိုက်​နော်"

"...."

"​မောင့်!"

"ဗျာ...ဗျာ ​မောင့်​ယောင်းငယ်ဘာ​ပြောလိုက်တာလဲ"

"က​လေးကူထိန်းအုန်းလို့ ​မောင်​နော် စိတ်​တွေဘယ်​ရောက်​နေတာလဲ"

​မောင်က သူ့ကိုပဲ စိုက်ကြည့်​နေတာ​ကြောင့် သူ့ကိုယ်သူပြန်သတိထားမိပြီး အ၀တ်မကပ်တယ့်ခန္ဒာကိုယ်ကို ​စောင်နဲ့ ခဗျာခယာ ဖုံးလိုက်ရသည်
မဟုတ်ရင် က​လေးမမြင်သင့်တာ​တွေ မြင်ကုန်လိမ့်မည်​လေ

"က​​လေးထိန်းလိုက်အုန်း​နော် ​ယောင်း အ၀တ်လဲအုန်းမယ်"

"ဪ...အွန်း ​မောင်ထိန်းလိုက်ပါ့မယ်"

"Kooငယ်က အိပ်ချင်​နေတာ ​မောင်သူ့အခန်းထဲ​ခေါ်သိပ်လိုက်​နော်"

​မောင်ကမချိပြုံးဖြင့်သာ ​ခေါင်းငြိမ့်သည်
​မောင်တို့သားအဖထွက်သွားပြီဆိုကာမှ Taehyungမှာလွတ်လွတ်လပ်လပ်အ၀တ်လဲနိုင်သည်

"​koo​ပေါက်"

"Dada"

"​အော အိပ်ချင်​နေတာမလား အိပ်​တော့ ဒယ်ဒီလုပ်စရာ​လေးရှိလို့​လေ ဒယ်ဒီ့ကိုချစ်ရင် အိပ်လိုက်​နော် "

သူ့စကားကိုကြား​တော့ koohyung ကလက်ဆန့်တန်း​ပေးကာ ​ချော့သိပ်ဟု
အမူအရာ​လေးနဲ့​တောင်းဆိုသည်

Jungkookမှာလည်း သူ့သားအပြုအမူ​ကြောင့် အူယားလာကာ ပါး​ဖောင်း​ဖောင်း​လေးကို ​မွှေးကြူလိုက်သည်

​ပွေ့ချီရင်းသီချင်း​လေးညည်းကာ ​ချော့သိပ်လိုက်​တော့ အိပ်ချင်​နေသည့် kooငယ်က ခဏ​လေးအတွင်းမှာ ​ဟောက်သံ​သေး​သေး​လေး ထွက်ကာ အိပ်​ပျော်သွားသည်

He was my BESTFRIEND[completed]Where stories live. Discover now