Part (1)

2K 121 0
                                    

.
🕕...ညနေ ၆နာရီထိုး...
.
Jennie တစ်ယောက် Kitchen မှာ အလုပ်ရှုပ်နေသည်။..
.
နေ့လည် 🕐 ၁နာရီထိုးကတည်းက..
အိမ်ပြန်ရောက်ရောက်ချင်း
Company ရဲ့ Ceo ရာထူးကို ဘေးဖယ်ပြီး မီးဖိုချောင်ထဲ ၀င်ကာ...
မုန့်လုပ်...ဟင်းချက်...
အချိုပွဲ အတွက် ပြင်ဆင်နေခဲ့တာ
အချိန်ပင် အတော်ကြာနေပြီ...
.
"Lalisa ..Lalisa  ခုချိန်ထိ ပြန်မရောက်သေးဘူး...အရေးကြီးပါတယ်လို့ ပြောထားရဲ့သားနဲ့..."
.
ကင်ချီ ဟင်းအိုးကိုယောက်ဇွန်းနဲ့ မွှေရင်း ရေရွတ်နေသည့် Jen...။
.
.
23. 3 .2020...
.
ဒီနေ့က Jen နဲ့ Lisa ရဲ့ ၃နှစ်ပြည့်..
မဂ်လာ နှစ်ပတ်လည်နေ့..
..
လွန်ခဲ့တဲ့ တပတ် တနဂ်နွေနေ့က
ကျောင်းသား/သူ ဟောင်းများရဲ့..
အာစရိယ ပူဇော်ပွဲမှာ Jen တို့ ဇနီးမောင်နှံ အတူသွားခဲ့သည်။
ထုံးစံအတိုင်း ....
ကျောင်းနေဖက် သူငယ်ချင်းတွေ ပြန်တွေ့ဆုံကြတာမို့...
Jen ရဲ့ သူငယ်ချင်းတွေရော..
Lisa ရဲ့ သူငယ်ချင်းတွေကိုပါ..
ပြန်တွေ့ရသည်...
မဂ်လာ နှစ်ပတ်လည်နေ့ ရောက်ရင် ညစာ စားပွဲလုပ်ရင်း သူငယ်ချင်းတွေကိုလာေရာက်ဖို့
ဖိတ်ခဲ့သည်။...
အရင်လို မတွေ့ဖြစ် စကားတွေ မပြောဖြစ်ကြတာလည်း ကြာပြီလေ။
.
.
"မနက် ရုံးမသွားခင်က အတန်တန် မှာထားရဲ့သားနဲ့ lalisa လေ ရိုက်သတ်ချင်စိတ်ပေါက်တယ်🤬"
.
Oven ထဲက ဖုတ်ထားတဲ့ ကိတ်ကို ယူထုတ်ကာ Cream သုတ်ရင်း...Jen ထပ်ပြီးေရရွတ်နေမိသည်။...
.
Jen က စားဖိုမှူး သင်တန်းဆင်းထားသူ..
အချက်အပြုတ် ဝါသနာပါသူမို့..
ကိုယ်တိုင်မလုပ်ချင်ရင် အပြင်မှာ ၀ယ်လို့ရပေမယ့်...Jen က သူမ ကိုယ်တိုင် လုပ်ရမှစိတ်တိုင်းကျသူမို့..
Company meeting ကို စောစော လက်စသတ်ကာ...
စျေးဘက်ကို လိုအပ်တာ ၀ယ်ဖို့ jennie ဦးတည်ခဲ့သည်။
၀ယ်ခြမ်းပြီးသည်နှင့် အချိန်မဆွဲအားဘဲ...
  သူမ အိမ်သို့ပြန်လာခဲ့သည်။
အိမ်ရောက်တာနဲ့ အ၀တ်အစားလှဲပြီး...
အေပရွှန် ထပ်၀တ်ကာ...
စိတ်ကူးထားတဲ့အတိုင်း ချက်ပြုတ်ပြင်ဆင်နေသည်။..
.
.
................................
.
Art gallery 🏞🏩 🖼...
.
Mr Jone" ကျေးဇူးပါ Mr Li"
.
Li " ရပါတယ်ဗျာ...နောက် ပန်းချီကားတွေ ထပ်လိုချင်ရင် လာခဲ့ပါ...ကြိုဆိုလျှက်ပါဗျာ"

Mr Jone" ကျွန်တော်က Mr Li နဲ့ ဒီလို ထိပ်တိုက်တွေ့ချင်ခဲ့တာဗျ..အခုလို တွေ့ရ တော့ပိုအဆင်ပြေသွားတာပေါ့..."

Li" ဟုတ်ကဲ့ပါ..Mr Jone နောက်တကြိမ် ထပ်လာခဲ့ရင် ကျွန်တော် ကိုယ်တိုင် စောင့်နေပါ့မယ်..."

Mr Jone " စိတ်ချပါဗျာ ကျွန်တော် ထပ်လာခဲ့ပါ့မယ် အခုတော့ ကျွန်တော်က ခွင့်ပြုပါအုံး...နောက်မှာ အလုပ်တွေကျန်ခဲ့သေးလို့ဗျ"
.
Li" ကောင်းကောင်းသွားပါ Mr Jone"
.
Mr Jone ..ပန်းချီပြခန်းထဲကနေ ထွက်သွားပြီးသည်နှင့်..
Lisa ရဲ့ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။
.
" Omg😲 ...၆နာရီကျော်ပြီဘဲ ေမာင့်ချစ်ဇနီးတော့ စိတ်ဆိုးနေလောက်ပြီ အမြန်ပြန်မှ"
.
Lisa လွယ်နေကျ ကျောပိုးအိတ်ထဲ ဖုန်းနှင့်ပိုက်ဆံအိတ်ကို ပစ်ထည့်ပြီး ပုခုံးတစ်ဖက်ပေါ်တင်းရင်း...
.
Li" Bam ရေ "
.
B" yes, boss"

Li" ငါပြန်တော့မယ် မင်းပြန်တဲ့အခါကျရင် မီးတွေ သေချာစစ်သွားဖို့ မမေ့နဲ့နော်...
သော့တွေ သေချာခတ်သွား.."
.
B" ဟုတ်ကဲ့ပါ သူဌေး ဒါနဲ့ ဒီနေ့ ဘာလို့အစောကြီးပြန်တာလဲ ခါတိုင်း သူဌေးက ည ၉နာရီ မထိုးမချင်း  မပြန်တာကို..."
.
Li" အင်..ဟုတ်တယ် ဒီနေ့ အိမ်မှာ ဧည့်သည်လာမှာလေ...ရော့ 💸
.
B" ဘာလုပ်ဖို့လဲ သူဌေး ya ပိုက်ဆံတွေက"

Li'' မင်းအတွက် မုန့်ဖိုး ဒီနေ့ ညရဲ့ ၃နှစ်ပြည့် မဂ်လာနှစ်ပတ်လည်နေ့.."
.
B" ဟာ ..အဲ့လိုလား...ကျေးဇူး သူဌေး.. ဒီနှစ်မှစပြီး.သူဌေးတို့ ဇနီးမောင်နှံ အိုအောင်မင်းအောင် ​ပေါင်းဖက်နိုင်ကြပြီး သား / သမီး ရတာနာလေးတွေ အများကြီးမွေးပါစေဗျာ"
.
Li" ဟုတ်ပါပြီကွာ ကဲ ငါပြန်ပြီနော်''
.
B" ဟုတ်ကဲ့ပါ..ကောင်းကောင်းပြန်ပါ သူဌေး...."
.
Lisa...Bam Bam  ကိုပြုံးပြပြီး ပန်းချီပြခန်းကနေ ထွက်ကာ..ကား Parking ဘက်ကို ခြေလှမ်းကျဲတွေဖြစ်အမြန်လျှောက်သွားလိုက်သည်။
.
💭ဟူး😮‍💨..ဒီနေ့ကျမှ အလုပ်တွေ ရှုပ်ရတယ်လို့..💭
.
ကားထဲ၀င်ကာ...
ဖုန်းကို ထုတ်ပြီး တသ်ခုတည်းသော နံပတ်ကိုခေါ်လိုက်သည်။...
.
"📱tu.....tu...tu...
.
........................................................

"🎶🎼 We are the Lovesick girls 📲

.
ထမင်းစားပွဲပေါ် တင်ထားတဲ့ ဖုန်းဆီက မြည်သံကြားတော့ ပန်းကန်ဆေးနေရာမှ ခနရပ်လိုက်သည်။...
.
ဖုန်းကိုလှမ်းယူပြီး ကြည့်လိုက်တော့..
.
*မောင်*

ဆိုတဲ့ စာသားက အထင်းသား.. Jennie ကိုင်လိုက်ပြီး..
.
J" ဘာလို့ ခုချိန်ထိပြန်မလာသေးလဲ Lalisa.."
.
Lalisa ဆိုတဲ့ အသုံးနှုန်း အခေါ်ဝေါ်ကြားသည်နှင့် သူ သေချာ သိလိုက်ပြီ..Jennie စိတ်ဆိုးနေပြီဆိုတာ...။
.
Li" မောင် အိမ်ရောက်ရင် ရှင်းပြပါ့မယ် jennie...ဒါနဲ့ ဘာ၀ယ်ပြန်ရအုံးမလဲ"
.
J" ဘာမှ၀ယ်မလာနဲ့ လူသာ ရောက်အောင်ပြန်လာ"
.
Li" ဟုတ်ကဲ့ပါဗျ"
.
တိ....(jennie ဘက်မှ ဖုန်းချလိုက်ခြင်း)
.
ဖုန်းကျသွားပြီးမို့ Lisa လည်း အိမ်သို့...
ပြန်ခဲ့လိုက်သည်။
.
.
"တော်ပါသေးရဲ့ ဒီနေ့ မီးပွိုင့်မမိလို့..."
.
.
.
❤️❤️❤️❤️❤️

Mg's Daisy (မောင့်ရဲ့ဒေစီ)Where stories live. Discover now