Part(17)

1.2K 67 4
                                    

.
ဆယ်ကျော်သက် အရွယ်မှာ ..
ရင်ခုန်လို့ရလား....
.
ချောချောလှလှ လူတွေကိုမြင်ရင်..
ရင်ခုန်ချင်တယ်...
.
သစ်ရွက်လှုပ်တာမြင်ရင်..
ရင်ခုန်ချင်တယ်...
.
ပန်းလှလှလေးမြင်ရင်...
ရင်ခုန်ချင်တယ်...
.
လေညင်းနုနုလေး တိုက်ခံရရင်
ရင်ခုန်ချင်တယ်...

မြင်မြင်သမျှ အရာအားလုံးဟာ..
ရင်ခုန်သံတွေ မြန်စေခဲ့တယ်...
.
လိပ်ပြာလေးတွေ အပျံသင်စအချိန်လေးလိုပေါ့...
ပန်းလေးမြင်ရင်...
၀တ်ရည်စုပ်ဖို့...
ခို၀င်နားချင်မိတယ်...
.
အော်...ဆယ်ကျော်သက်အရွယ်ဆိုတာ...
အပျော်တမ်း..
စိတ်ကစားတဲ့ အရွယ်လေးဘဲ...
.
........................................................
.
ထီးလေး တစ်လက်အောက်မှာ...
လမ်းလျှောက်နေရင်း...
တုန်ရီနေတဲ့...
ရေစိုစို လက်ကလေးကို...သူ ကြည့်နေရင်း.. ဆုပ်ကိုင်လိုက်သည်။...
အေးစက်စက်...
သူမရဲ့ လက်ဖဝါးနဲ့...နွေးထွေးနေတဲ့ သူ့လက်ဖဝါးလေး အုပ်ကိုင်ထားပေးတော့...
Jen တစ်ကိုယ်လုံး နွေးသွားတာထက်...အပူငွေ့တွေ ဆောင့်ထွက်လာသလိုလို...ထူပူသွားတာအမှန်ပင်။

.
တကယ်ပါ တွေ့ဆုံမှုက ဒုတိယအကြိမ်ဘဲ ရှိသေးတယ် ရေရာသေချာတာ တစ်ခုမှမသိသေးတဲ့  သူစိမ်း ယောကျာ်းတစ်ယောက်ကို ယုံကြည်လိုက်တာ မှားသွားတာလား..။
သူကရော အခွင့်ရေးယူတတ်သူလား...။
ဒီလိုအချိန်...ဒီနေရာမျိုးမှာ အခွင့်ရေးမယူသင့်ဘူးလေ...
နှမချင်း ကိုယ်ချင်းစာရင်ပေါ့...။

(မယ်!...လက်လေးကိုင်ရရုံနဲ့ ကိုယ်ကဘဲ နှမချင်း ကိုယ်ချင်းမစာ...အခွင့်ရေး သမားဖြစ်သွားတာတော့...မလွန်ဘူးလား ...miss Kim )
.
Jen  ဦးနှောက်က ချက်ချင်း အလုပ်လုပ်နေတာ မနားတမ်း...သူမလက်ကို ကိုင်ထားတဲ့ သူကိုတော့ မော်မကြည့်ရဲ...
.

သူ့ဆုပ်ကိုင်ထားတဲ့ သူမလက်ကိုသာ အသာလေး ပြန်ရုန်းလိုက်သည်။..
သူ့ဘက်က ညင်ညင်သာသာ လွတ်ပေးပြီးတော့ သူ့အကြည့် စူးစူးတွေက သူမပေါ် ရောက်ချလာသည်။...
.
"မင်း လက်လေး နွေးသွားအောင်လို့ပါ...Sorry...ကိုယ့်အပြုမူအတွက်...မင်းကိုခွင့်ပြုချက်တောင်းခဲ့သင့်တာ...:"

Mg's Daisy (မောင့်ရဲ့ဒေစီ)Where stories live. Discover now