Part (2)

1.5K 99 0
                                    

....မိုးပြာရောင် လုံးချင်းတစ်ထပ်အိမ်လေး....
ခြံ၀င်းကျယ်ကျယ်...သူတို့ ဇနီးမောင်နှံနေထိုင်တဲ့ ဆိတ်ငြိမ်ရပ်ကွက်....🏡
.
ခြံစည်းရိုး အုတ်နံရံများကို ပန်းရောင်ဆေးသုတ်ထားတဲ့..
ခြံကျယ်ကြီးရှေ့တွင်...
အဖြူရောင်ကားလေး..ဖြေးညင်းစွာ
ထိုးရပ်လိုက်သည်။
.

ခြံတံခါးသော့ကို ထုတ်ပြီး ခလုတ်လေးနှိပ်လိုက်တော့...ဘီးလေးလှိမ့်ကာ ရွေ့လျားသွားတဲ့ ခြံ၀င်းတံခါးကြီး ရပ်သွားတော့မှ..
Lisa  ကားကိုမောင်း၀င်လိုက်သည်။
.
ဧည့်ခန်းထဲ ၀င်သည်နှင့်...သူအမြဲ နှုတ်ဆက်နေကျ စကားလေး...
.
Li" မောင် ပြန်ရောက်ပြီ"

"......."

Li" Jennie...Jennie....
.
J"........"
.
Li" Jennie ya...

J'' အဲ့မှာ ခေါ်မနေနဲ့ မီးဖိုချောင်ထဲကို လာခဲ့"

Li" မောင် ဘာဝိုင်းကူ ရအုံးမလဲ"

J" အချိန်ကို ကြည့်ပြီးမှ မေးလေ...ရှင်ပြန်လာတဲ့ အချိန်က...😒..

Li" တောင်းပန်ပါတယ် မောင် နောက်ကျသွားလို့ ဒီနေ့မှ အဂ်​လန်က မောင့် မိတ်ဆွေက ပြခန်းကို ရောက်လာလို့ပါ...သူ က စကားတွေပြောနေတော့ မောင် လည်း ဒီအတိုင်း ထပြန်လာလို့မရဘူးလေ...မောင့် ကိုနားလည်ပေးပါနော်😌"
.
Jen က သူ့ကို တွေ့တွေ့ချင်း ရန်တွေ့နေမိသည်။
...တကယ်ကို စကားပြန်မပြောချင်ပေမယ့်..
သူ အိမ်အပြန် နောက်ကျလို့ တောင်းပန်လာတဲ့ မောင့်ကို Jen စိတ်ဆိုးနေခဲ့တာ အခုတော့...
စိတ်ဆိုးပြေလိုက်ရသည်။ .
သူလည်း သေချာရှင်းပြနေတာဘဲလေ...။
.
J"မောင့်ကို မနက်ကတည်းက ပြောထားတဲ့ဟာကို... ထားလိုက်တော့...ဒါနဲ့ ရေအရင်ချိုးမှာလား"

Li" မောင့်ကို ခိုင်းစရာရှိလို့လား"

J" ဆိုဂျူး သွား၀ယ်ခိုင်းမို့..နေ့လည်က မေ့ခဲ့တာ"

Li" အချိုရည်ဘဲ အဆင်မပြေဘူးလား Jennie ဆိုဂျူးက လိုအပ်သေးလား..."

J" လိုတယ် မောင် Kim jisoo ရဲ့ အမျိုးသား က ဆိုဂျူး တို့ ဝိုင်တို့ သောက်တယ်..အကြောင့်သွား၀ယ်ပေးပါ...ဘာဖြစ်ဖြစ် ညစာ စားပွဲဆိုတာ သောက်ဖို့ တစ်ခုခုပါမှ အဆင်ပြေတာ.."

Li" ဟုတ်ပါပြီ အဆို မောင် ခုဘဲသွား၀ယ်လိုက်မယ်နော်"

J" ကောင်းကောင်းသွားပါ အရမ်းမကြာနဲ့နော် ည ၈နာရီ ချိန်းထားတာ မောင် သိတယ်မလား"

Mg's Daisy (မောင့်ရဲ့ဒေစီ)Where stories live. Discover now