Part(25)

2.4K 112 18
                                    

.
မင်းက ကိုယ်အရမ်း...
သဘောကျပြီး မြတ်နိုးမိတဲ့..
Daisy လေးတွေလို့ဘဲ...
.
ဖြူစင်တဲ့ ချစ်ခြင်းကို...
ဖုံးကွယ်ခဲ့တာဘဲ...
.
မင်း အချစ်ကို ကိုယ်မြင်နေရတယ် Daisy...
မင်းရဲ့ လှပခြင်းတွေလို့ဘဲ..
မင်းအချစ်လည်း လှပတယ်...
.
.............................................................
သူ့ လက်ပေါ်က ...
ဝိုင်ခွက်လေးက...၀ရံတာရှိ စားပွဲဝိုင်းပေါ်..ရောက်သွားသည်။...
.
ညလေညှင်းတွေက...
တိုးဝှေ့နေတာ ...သစ်ရွက်လေးတွေ တလှုပ်လှုပ်နဲ့​ပေါ့...။
.
အဝေးတစ်နေရာကို သာ အာရုံစိုက်နေတဲ့...
Jen ရဲ့အနားကို သွားပြီး...ခါးသိမ်သိမ်လေးကို..
ဆွဲဖက်လိုက်သည်။..
.
" အမေ့!!!...😳

"လန့်သွားတာလား..."

"ဟုတ်တယ်...ဘာလုပ်တာလဲ..."

"ဖက်တာလေ..."

"အရမ်းကို မဖက်နဲ့လေ အသက်ရှူကျပ်တယ်..".

"မောင်တို့တွေ ဒီလို တစ်ခါမှမနေဖူးဘူးနော်.."

Jen ပုခုံးပေါ်မေးတင်ပြီး...
နား နားကပ်ကာ...တိုးတိုးလေး သူဆိုတော့...
သူ့ အသက်ရှုထုတ်လိုက်တဲ့ လေငွေ့နွေးနွေးလေးက...
Jen လည်တိုင်ကို ရိုက်ခတ်သွားသည်။
.
ဒီလို အနေအထား...တစ်ခါမှ နူးညံ့ခြင်းတွေနဲ့..
သူ မပွေ့ဖက်ဖူးတာရယ်ကြောင့်..
ထင်ပါရဲ့...
သူ့ ရင်ခွင်​ထဲ မြုပ်နေပေမယ့်...
Jen...အနည်းငယ်...တွန့်သွားခဲ့သည်။..
ကြက်သီးမွေးညှင်းလေး...တစ်ချက်ထသွားသလိုပေါ့...။
.
"မောင်လေ...Jennie ကို ချစ်မိသွားပြီ...ထင်တယ်"

"........"

💭သူက ချစ်မိသွားပြီတဲ့ ထင်ရုံလေးထင်နေတုန်းပါ... ကျွန်မက စတွေ့ချင်းကတည်းက ချစ်နေခဲ့တာ...💭
.
"Jennie သိလား...မင်းကို မြင်နေရရင် ေမာင်ပျော်တယ်...မင်းနဲ့ဆုံတဲ့အချိန်တွေဆို ေမာင့် ဘ၀မှာ တစ်ခါမှမလုပ်ဖူးတာတွေ လုပ်မိတယ်...
Jennieက  ေမာင့်ကြောင့်နဲ့ ပြုံးနေရင် မောင် အရမ်းကျေနပ်တယ်...မောင် မင်းနဲ့ မခွဲနိုင်တော့ဘူး...အချစ်ရယ်...မောင့် ရင်ခုန်သံ ကြားရလားဟင်!..မောင် အခု ရင်တွေအရမ်းခုန်နေတယ်.."

"........"

သူ့ရဲ့ ၀ဲဘက် ရင်အုံနားကို Jen ခေါင်းအသာေလး စောင်းမိသွားသည်။
သူ့ ရင်ခုန်သံတွေက...
တဒိတ်ဒိတ်...အသေအချာကို ကြားနေရတာ..
မောင့်ဆီက နူးညံ့ပြီး ကြည်နူးဖွယ် ချစ်စကားလေးတွေ နားထောင်ရပေမယ့်၀...
Jen ဘာမှ ပြန်မပြောနိုင်ခဲ့...
Jen ရင်ထဲမှာ...ပန်းတွေပွင့်ပြီး...လိပ်ပြာတွေက မရေမတွက်နိုင် ပျံသန်းနေကြလို့လေ...
.
Jen မျက်နှာမှာလည်း အပြုအမူတွေက..
သိသိသာသာ...
သွားသေးသေးလေးတွေ အတန်းလိုက်
ပေါ်သွားရုံမက...ပါးဖောင်းဖောင်းလေးတွေနဲ့အတူ ..
Jen ရဲ့မျက်၀န်းအိမ်တွေ ပျောက်ကွယ်သွားတဲ့အထိ...သဘောကျစွာ ပြုံးနေမိသည်။..
ရင်တွေလည်း ခုန်လို့ပေါ့...
အသံတော့မထွက်ရဲ...သူသိသွားလို့မဖြစ်...မူသင့်တယ်လေနော်..။....။
.
"မောင် ပြောတာ ကြားရဲ့လား...,"

Mg's Daisy (မောင့်ရဲ့ဒေစီ)Where stories live. Discover now