part(13)

1.6K 102 6
                                    

.
ကိုယ်ရှင်သန်နေရတဲ့...ဘ၀က..
ပျော်ရွှင်ခြင်းတွေ..ကင်းမဲ့တယ်..
ချစ်သူ...
မင်းသာ ကိုယ့်ဘ၀ရဲ့...
အရှင်သခင်....ပဲ့ကိုင်ရှင်မို့...
ကိုယ့် ပျော်ရွှင်မှုက...
မင်းပေါ့...
.
...........................................................
.
အခန်းငယ်ထဲမှာလည်း...
သူမ မရှိတော့...အိပ်စက်မပျော်နိုင်...
.
အရင်က အခန်းခွဲအိပ်ခဲ့ကြတာဘဲ ၃နှစ် ၃မိုး...
အခုကြမှ...တစ်ခါလေး အတူအိပ်ဖူးတာ ..
သူ့မှာ တမ်းတမ်းတတ...
.
လက်ထပ်ခါစ ကတည်းကအတူနေခဲ့ရင်
သူ့အခြေနေ ဒီထက်ပိုဆိုးနိုင်သည်။..
.
ခါတိုင်း အိပ်မပျော်ရင် ပန်းချီဆွဲလေ့ရှိတဲ့သူ..
အခုကျတော့ ဆွဲချင်စိတ်မရှိ...။

၀ရံတာမှာထွက်ပြီး...
ခြံအပြင်ဘက်ကိုသာ ငေးနေမိသည်။
သူ့အဖြစ်က မိခင်ပြန်အလာကို မျှော်နေတဲ့ ..ကလေးငယ်သဖွယ်...။
.
မနက် ၁နာရီထိုးတော့ Lisa..
သည်းမခံနိုင်တော့ပေ..
.
လွမ်းသည်...လွမ်းတာထက်ပိုသည်။
ရင်ဘတ်ထဲက ဖြစ်နေတဲ့ ခံစားချက်က.. .
ထိုင်မရ...ထမရ...
.
"ဒေါက်!....ဒေါက်..!!🚪
.
L" အဖေ...အမေ ခင်ဗျ...သားပါ တံခါးဖွင့်ပါအုံး ဗျာ"

".ကျွီ!....."

Lisa..သူ့ မိဘတွေအခန်း တံခါးခေါက်ပြီး...ခေါ်​လိုက်တော့..
သူ့ ဖခင် က တံခါးလာဖွင့်သည်။
.
Mr Manobank "ဘာဖြစ်တာတုန်း သား...ဒီအချိန်ကြီး"

L"Jennie ပြန်မရောက်သေးလို့.."

Mr Manoban"ဟင်!...ဟုတ်လား...Park ကိုဖုန်းဆက်မှဘဲ နေ့လည်က Park ရဲ့ ကားနဲ့ ထွက်သွားတာ.."

L" Nae.. ကျွန်တော့်...သူ့ဖုန်းနံပတ်ပေးပါ အဖေ"

Mr Manoban "အင်..အဖေ အလုပ်စားပွဲပေါ်မှာ ဖုန်းသွားယူအူးမယ်"

L" ကျွန်တော် ဘဲ သွားယူလိုက်မယ်လေ"

Lisa ပြောလည်းပြော အောက်ထပ်ကို မပြေးရုံ တမယ် ဆင်းသွားပြီး သူ့အဖေ အလုပ်လုပ်နေကျ စားပွဲပေါ်က ဖုန်းကို ယူလိုက်သည်။..
.
Mr Park ရဲ့ နံပတ်ကို ရှာပြီး...
Lisa ဖုန်းခေါ်လိုက်သည်။
.
"Tu....tu..tu..📲..
.
"......"

" tu....tu...tu...📲

Park "Hello..အမိန့်ရှိပါ ခင်ဗျ..Park Chaeyoung ပြောနေပါတယ်"
.
ဒုတိယအကြိမ်ရောက်မှ...ဖုန်းဖြေလာတာမို့..
Lisa အနည်းငယ် ကသိ့ကအောင့်ဖြစ်သွားသည်။
သူ့ဘက်က မိန်းမအတွက် စိတ်ပူလို့ ဖုန်းခေါ်တာ မှန်ပါတယ်...
တဖက်ကတော့..
အိပ်မောကျချိန်လေ...
.
L" ကျွန်တော် Lalisa ပါ..."

Mg's Daisy (မောင့်ရဲ့ဒေစီ)Where stories live. Discover now