Final

2.8K 128 12
                                    

.
ဘဝမှာ...
အေးချမ်းတဲ့...
ချစ်ခြင်း မေတ္တာထက်..
ပိုအရာကိုမှ...မမက်မောဘူး...
.....ကျွန်တော်ရဲ့ ရှင်သန်ခြင်းနဲ့ ပျော်ရွှင်ခြင်းက..
သူမ ရဲ့ အပြုံးပေါ်သာ မူတည်သည်။..
.
.............................................................
Switzerland မှာ (၃)ရက်ကြာတော့..
.
Chichi လေး အပြင်းဖျားတော့သည်။..
ဆေးခန်းသွားပြတော့...
Switzerland ရဲ့ ရာသီဥတုနဲ့ Chichi လေးဟာ ဓါတ်မတည့်ခြင်း...။
.
ဘယ်နေရာမှ သေချာစွာ လျှောက်မလည်ရသေးတဲ့...Jen ကတော့...
သမီးလေးကို ငှဲ့ကွက်ပြီး...
Korea ပြန်ဖို့သာ စီစဥ်ရတော့သည်။..
.
Lisa တချိန်လုံး ပွေ့ချီထားမှ အငိုတိတ်တဲ့ သမီးငယ်...
ထမင်းစားချိန်လေး ချထားရုံသာ ရှိသေး..
ထပြီး အော်ငိုကာ ဂျီကျနေတာကြောင့်..
Lisa ခမျာ..မနက်စာနဲ့ နေ့လည်စာ ပေါင်းစားရသည့်အဖြစ်...
ဒါတောင် Jennie ကခွံ့ကျွေးရသည်။..
.
မိဘရဲ့ မေတ္တာကဘဲ ကြီးမားတာလား...
သား သမီးတွေရဲ့ ၀ဋ်ခံဖို့ ဘဲလား...မသဲကွဲ...
.
နေမကောင်းဖြစ်တဲ့ အချိန်တိုင်း အဖေနဲ့အမေ ဖြစ်သူတွေက...မနားရ...
အိပ်လည်း ကောင်းကောင်း မအိပ်ရ...
စားသော်လည်း...ထိုနည်းတူစွာ...
နေကောင်းတဲ့ အချိန်တွေသာ...အပြုံး အရယ်များတဲ့ Chichi လေးက...
နေမကောင်းတဲ့ အချိန်တွေဆို လွန်စွာ ဂျီကျသည်၊၊...
အဖွားတွေ ခေါ်လည်းမရ...အဖေကလွဲ ဘယ်သူမှ ခေါ်မရတဲ့...
Lalisa ရဲ့ သမီး အလိမ်မာလေး...။
.
"Doctor ဆီ ဖုန်းဆက်ပြီး...အိပ်ဆေးတောင်းလိုက်မှ အဆင်ပြေမယ်ထင်တယ် မောင်..."

" သမီးလေး တိုက်မို့လား"

"အင်လေ...သမီး က တစ်စက်လေးမှ မအိပ်တာ...မောင် တချိန်လုံး ချီထားရတာ ညောင်းလောက်ရောပေါ့..ခနလောက် ဖြစ်ဖြစ် အိပ်သွားရင် ပိုအဆင်ပြေမယ်..."

"အဲ့ဒါလည်း ဟုတ်သားဘဲ..."

Jen တစ်ယောက်..သမီးလေးကို ပြခဲ့တဲ့ Doctor ဆီ ဖုန်းဆက်ပြီး...
အိပ်ဆေးတိုက်ချင်တဲ့အကြောင်း...
ကလေးက မအိပ်တဲ့ အကြောင်းပါ ပြောပြလိုက်တော့...
Doctor က အိပ်ဆေး လာယူဖို့ပြောသည်။
.
Lisa က သွားလို့မဖြစ်တာကြောင့် ..
သူ့ အမျိုးထဲက တစ်ယောက်က အဖော်ခေါ်ပြီး...Jen ကဘဲ သွားယူလိုက်သည်။...
.
.
Jen ပြန်ရောက်တော့..

ကလေးကို Lisa က ရေပတ်တိုက်ပေးပြီး...အ၀တ်အစားလှဲလယ် ပေးနေသည်။...
.
Jen ကို တွေ့တော့ လက်ကမ်းလာကာ ချီဖို့ အရိပ်အယောင်ပြနေတဲ့ သမီးလေးကို Jen ပွေ့ချီလိုက်သည်။..
.
"မာမားရဲ့ အသဲလေးက နေမကောင်းဖြစ်သွားတာ ပိန်ကျသွားတာဘဲ.."

You've reached the end of published parts.

⏰ Last updated: Jun 21, 2023 ⏰

Add this story to your Library to get notified about new parts!

Mg's Daisy (မောင့်ရဲ့ဒေစီ)Where stories live. Discover now