Part(14)

1.5K 81 8
                                    

.....Jen  အသက်  *15* နှစ်ကတည်းက...
အဆိုးလောကဓံနဲ့ စရင်ဆိုင်ခဲ့ရတယ်။
.
အဖေ​ဖြစ်သူက အရက်ရဲ့ကျေးကျွန်...
လောင်းကစားလည်း သိပ်မက်...
အရှုံးနဲ့သာ များစွာကြုံရပြီး...
နိုင်ပွဲမရှိတဲ့ လောင်းကစားရဲ့ သားကောင် ဖြစ်နေသည်။..
Jen တို့ အဖေ အကြောင်းပြောရရင် ကောင်းသတင်းမရှိ...။
.
" မေမေ..."

"ဟင်!..သမီးကြီး...အမေ့ကိုပြောစရာရှိလို့လား..."

တနိုင်တပိုင် အိမ်ဆိုင်လေး ဖွင့်ထားတဲ့ မေမေ ကို ပစ္စည်းတွေ ကူသိမ်းပေးရင်း Jen အမေဖြစ်သူကို တိုးညင်းစွာ ခေါ်လိုက်သည်။
.
"မနက်ဖြန် သမီး ထူးချွန် ဆု တက်ယူရမယ်"

"ဟုတ်လား...အတော်ဘဲ...မေမေ လည်း အရင်လနဲ့ ဒီလလေးမှာ စျေးရောင်းလို့ ရတဲ့ အမြတ်လေးတွေကို စုပြီး သမီး အတွက် လက်စွပ်လေးလူပ်ထားတယ်..."

"မေမေရယ်..သမီးအတွက် အဲ့ဒါတွေ မလိုပါဘူး"

" မလိုစရာလား သမီးရယ် မိန်းကလေးဆိုတာ နားကပ်လေး လက်စွပ်လေး ဆွဲကြိုးရှိမှ္ အမြင်တင့်တာ သမီးရဲ့ မနက်ဖြန်ဆို သမီး၀တ်သွားရမယ်နော်...ငွေပို ငွေလျှံလေး ရတုန်းလေး ၀ယ်ထားတာပါ သမီးရယ် ရွှေဆိုတာက မရှိရင်၀မ်းစာ ရှိရင် တန်ဆာတဲ့...ခနလေး အမေ့သမီးကို ၀တ်စမ်းကြည့်ခိုင်းမလို့.."
.
မေမေဟာ...ပြောရင်းဆိုရင်း...
စျေးရောင်း စားပွဲအံဆွဲထဲက ကတ္တီပါဘူး နက်ပြာရောင်လေး တစ်လုံးကို ထုတ်လာသည်။.
.
"သိပ်လှတာ...လာ သမီး အမေ၀တ်ပေးမယ် မနက်ဖြန်ဆို မေ့သမီးလေး မျက်နှာမငယ်ရအောင် ၀တ်သွားရမယ်နော်.."
.
"ဟုတ်တာပေါ့...မင်းပြောတာ သိပ်မှန်တာပေါ့ ကင်မ်မီ...😇..ဟား....ဟား...🤣..ရွှေရှိရင် မျက်နှာမငယ်ရတော့ဘူး...အေ့..😵‍💫
.
Jen တို့သားအမိ စကားပြောနေကြတုန်း ခြံ၀ကနေ အာလေး လျှာလေး လေသံနဲ့ လှမ်းအော်လာတဲ့ ဖေဖေ...
ထုံးစံအတိုင်း...အရက်မူးလာတာပေါ့...။
.
"ကင်မ်မီ...ပေးစမ်း ငါ့ကို ရဲ့လက်စွပ်..."

"ရှင်ဘာတွေ လာပြောနေတာလဲ...မပေးနိုင်ဘူး.."
.
"ခုနက မင်းတို့ သားအမိပြောတာ ငါအကုန်ကြားတယ်နော် အဲ့လက်စွပ် ပေးသွား မပေးဘူးလား ပြောစမ်း..."

"မပေးဘူး ကျွန်မ သမီး မနက်ဖြန်  ထူးချွန်ဆုသွားတက်ယူရမှာ...၀တ်သွားမှ အဆင်ပြေမယ်"

Mg's Daisy (မောင့်ရဲ့ဒေစီ)Where stories live. Discover now