ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{3}

608 77 4
                                    

"ဂယူဘင်"

"အာ့ ယူဂျင်း ငါမင်းကိုမေ့နေတာ"

အမေရိက ကနေလာတုန်းကတော့ အတူတူလာခဲ့ကျတာပါ လေယာဉ်ပေါ်မှာ ကောင်မလေးတစ်ယောက်ကို စကားသွားပြောထဲက ဂယူဘင်ဆိုသူက ယူဂျင်းကိုမေ့နေခဲ့တာ အခုထိတိုင်အောင်ပါပဲ

"အော် မေ့သွားတာပေါ့ကောင်းတာပေါ့"

"ချစ်ချစ်ကလည်း စတာကို ဘာကိစ္စ ကိုယ်က ဒီက ချစ်ချစ်တုန်းလေးကိုမေ့ရမှာလဲ"

"လျှာရိုးမရှိတိုင်း လျှောက်‌မပြောနဲ့ အိမ်ပြန်မယ် ငမ်းတာလဲကြည့်ငမ်းဦး အိမ်ပြန်ဖို့ကိုလည်းမမေ့သွားနဲ့ဦး"

"ချစ်ချစ်ကလည်းကွာ"

ဂယူဘင်ဆိုတဲ့ ယူဂျင်းရဲ့အခင်ရဆုံးသူငယ်ချင်း တစ်နည်းပြောရရင် ယူဂျင်းရဲ့ အချစ်ဦး အချစ်ဦးတွေက နာကျင်ရတယ်တဲ့ ဒီလိုပါပဲ ရည်းစားရှုပ်တဲ့ ဂယူဘင်ကြောင့်
ယူဂျင်းနှလုံးသားက ကြွေမွသွားလောက်တဲ့အထိကို နာကျင်နေခဲ့ရတာ

~

"hyung"

" ယူဂျင်းနီလေးရောက်လာပြီပေါ့"

"လွမ်းနေခဲ့တာ hyung ကို"

ယူဂျင်းရဲ့တစ်ဦးတည်းသော အစ်ကိုဖြစ်သူက ဟုတ်မှလည်းလုပ်ပါဟူသောအကြည့်များဖြင့်ကြည့်လာ၏

"ယူဂျင်းတို့ရောက်လာပြီကို"

"ရစ်ကီ ငါကိုမကြိုဆိုတော့ဘူးလား ဒါမှမဟုတ်မမြင်တာလား"

"မဟုတ်ဘူး မမြင်ချင်ယောင်ဆောင်နေတာ"

"မင်းကတော့"

"အာညော်"

"သူက ဘယ်သူလည်း hyung"

"သူကလား ရစ်ကီရည်းစား ကင်မ်ထယ်ရယ်တဲ့"

"ဝိုး ငါ့ကောင်က ရည်းစားတွေပါရနေတာလား"

"မင်း အပူပါလား"

"ပြီးတော့ ဂယူဘင်တို့ကိုပြောထားဦးမယ် ဒီအိမ်မှာ ထယ်ရယ့်အပြင် ဟာအိုရဲ့ရည်းစား
ဂွမ်အု ဆိုတဲ့ကလေးလည်းရှိတယ်နော်"

"ဗျာ"

ဂယူဘင် အတော်ကိုအံဩမိသွား၏
ဟန်ဘင်း hyung ဟုတ်တယ် ဟန်ဘင်း hyung အဆင်ပြေပါ့မလား

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now