ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{13}

499 71 2
                                    

"လက်ခံလိုက်....လက်ခံလိုက်...လက်ခံလိုက်"

လူအများရဲ့အော်သံတွေရယ် ပြီးတော့ ဂျီဝန်းမမြင်ချင်လှတဲ့ ထိုမြင်ကွင်းရယ်ကြောင့်
ဂျီဝန်း ခန်းမထဲကနေ အမြန် ထွက်လာလိုက်၏ တကယ့်ကို ကိုယ်ချစ်ကသေမတက်ကိုခံစားရတာပဲ

ဆော့မက်သရူးမင်းကလေ မသိတက်တဲ့အရွယ်ထဲက ဆောင်းဟန်ဘင်းကိုပဲရွေးခဲ့တာ အခုအသက်တွေကြီးလာပြန်တော့လည်း မင်းရဲ့ရွေးချယ်မှုက ဆောင်းဟန်ဘင်းဆိုသူပါပဲ

"မက်သရူး ဂျီဝန်းhyungနဲ့ ဟန်ဘင်းhyung နှစ်ယောက်ထဲက ‌တစ်ယောက်ကိုရွေးရမယ်ဆို ဘယ်သူ့ကိုရွေးမယဲ"

ရစ်ကီရဲ့ အမေးကို စဉ်းစားနေတဲ့ ထိုကလေး
ဂျီဝန်းကလေ လေးနှစ်အရွယ်ကလေးတစ်ယောက်ဆီကအဖြေကို မျှော်လင့်နေတာတဲ့ တော်ရုံဆို ဂျီဝန်းက ဒီလိုလူမျိုးမဟုတ်ပါရပါဘူး

"ဟန်ဘင်း hyung အာ့ ဂျီဝူးhyungဆောတီးနော် ဟီးဟီး"

"ရေးတွေ့လား ဂျီဝန်းhyung ကျွန်တော့်က hyung ထက်ပိုချောလို့ ကျွန်တော့်ကိုရွေးတာ"

"တော်စမ်းပါ ကလေးကငယ်ငယ်လေးပဲရှိသေးတာ ဘာသိမှာလဲ မင်းကိုသနားလို့ရွေးတာနေမှာပေါ့"

"ဒါနဲ့မက်သရူး ဂျီဝန်းhyungကို ခုနကဘယ်လိုခေါ်လိုက်တာ"

"ဂျီဝူးhyungလို့ခေါ်လိုက်တာလေ
ဟာအိုhyungရဲ့"

"ခ်ခ် ဂျီဝန်းhyungပါကွာ မင်းကလဲ"

"ဟုတ်တယ် မက်သရူးရ ရစ်ကီပြောတာမှန်တယ် ဂျီဝူးမဟုတ်ဘူး
ဂျီဝန်း hyungတိုင်ပေးမယ်လိုက်ဆိုကြည့်"

"ဂျီ"

"ဂျီ"

"ဝန်း"

"ဝန်း"

"ဂျီဝန်း"

"ဂျီဝန်း"

"ကဲခေါ်ကြည့်တော့"

"ဂျီဝူး hyung"

ဟာအိုတို့သုံးယောက်က မက်သရူးရဲ့ပါးနှစ်ဖက်ကို ဝိုင်းဆွဲကျကာ ရယ်ကျ၏ ဂျီဝန်းကတော့ တိတ်တခိုးလေးရယ်လိုက်မိပါသေးသည် ဆော့မက်သရူးရဲ့အပြုအမူတိုင်းက သိပ်ကိုချစ်ဖို့ကောင်းလွန်းတယ်

"ဂျီဝန်း hyung"

ရစ်ကီရဲ့ခေါ်သံတို့ကြောင့် ဂျီဝန်းလည်း အတွေးတွေကို ခနရပ်ကာ လက်ရှိဘဝသို့ပဲ ပြန်လာခဲ့လိုက်တော့သည်

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now