ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{8}

566 77 3
                                    

"ကိုကို"

ချွဲပစ်ကာခေါ်လာတဲ့ မီဂျူးကြောင့် ဂယူဘင်စိတ်ညစ်လာရပြန်တယ် ဒီတစ်ခေါ်လည်း ဘာပူဆာချင်ရပြန်တာလဲ တကယ်ဂယူဘင်
ယောင်္ကျားထုကြီးကိုသနားလိုက်တာ သူတို့ခမျာ ရက် (၁၀၀)ပြည့်လည်း လက်ဆောင်ဝယ်ရတာပဲ Anniversary dayတွေကျလည်း ပေးရပြန်တာပဲ ဒါတောင် မွေးနေ့တို့ ဘာdayညာdayတို့က မပါသေးဘူး သူတို့လိုချင်တာ မရပြန်ရင်လည်း ရစ်တာတွေစိတ်ကောက်တာတွေကလည်းရှိသေး
တကယ့်ကိုရည်းစားထားရတာ လွယ်ကူတဲ့အလုပ်မဟုတ်

"ဖြေးဖြေးလာပါ မီဂျူးရာ ‌မတော်လို့ချော်လဲရင် ကိုယ်ရင်နာရဦးမယ်"

"ကိုယ်ရင်နာရဦးမယ်"တဲ့ တကယ့်ကိုဟာသ ဂယူဘင်က သိပ်ကိုဟာသပြောတက်တာပဲ

"ကိုကိုကလည်းကွာ..."

"ပြောပါဦး မီဂျူးက ဘာပြောမလို့"

"ကိုကိုကလည်း မေ့နေပြန်ပြီ ဒီနေ့က မီဂျူးတို့တွဲတာ နှစ်ပတ်ပြည့်‌တာလေ"

"အာ....ဟုတ်တာပဲ"

"noonaလည်း ရောက်လာပြီဆိုတော့
ကျွန်တော့်ကိုသွားခွင့်ပြုပါဦးနော် သွားစရာလေးရှိလို့ ပျော်ပျော်လည်ခဲ့ကျပါ"

ဂယူဘင်တစ်ချက်ခိုးကာရယ်လိုက်မိ၏ ဒီလိုသာဆို ဂယူဘင်ထင်နေတာမမှားဘူးပဲ

"ကိုကို ယူဂျင်းလည်းပြန်သွားတာဆိုတော့
မီဂျူးတို့ တစ်နေရာသွားကျမလား"

"sorry နော် မီဂျူးကိုယ်လုပ်စရာတွေရှိသေးလို့ ပြန်နှင့်မယ် နောက်နေ့မှ အေးအေးဆေးဆေးတွေ့ကျမယ်လေ"

"ကိုကိုက အမြဲတမ်းအဲ့လိုပဲ"

"မီဂျူးက လိမ္မာပါတယ်‌ ကိုကိုသွားပြီးနော်"

ယူဂျင်းရဲ့ခံစားချက်ကိုသိချင်လို့သာ ထိုမိန်းကလေးနဲ့တွဲနေရတာ ဖြစ်နိုင်ရင် မတွဲချင်ပါဘူး ဂယူဘင်မှ ဒီမိန်းကလေးကိုမချစ်ဘဲကို

~

"တီ တီ"

မက်သရူးလမ်းလျှောက်နေတာကို အနောက်ကနေ ဟွန်တီးသံပေးလားတဲ့ကား မက်သရူးလှည့်ကြည့်လိုက်တော့ အနက်ရောင်BMWကားတစ်စီး ကြည့်လိုက်တာနဲ့ဘယ်သူမှန်းသိလိုက်တာကြောင့် မက်သရူးခပ်သွက်သွက်လမ်းပြန်လျှောက်ဖို့ ပြင်လိုက်၏

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now