ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{10}

556 71 7
                                    

မောင်နဲ့စစတွေ့တဲ့နေ့က romantic ဆန်ဆန်တွေ့ ခဲ့ခြင်းမျိုးမဟုတ်

လွန်းခဲ့သော သုံးနှစ်ခန့်......

"တစ်ဆိတ်လောက်"

ထိုလူကဂွမ်အုခေါ်နေတာကိုကြားပုံမရ သူ့ရဲ့တယောကိုသာ ဆက်ထိုးနေလေသည် ဒါကြောင့် စိတ်မရှည်တဲ့ ဂွမ်အုကပဲ ထိုသူကို လက်‌တို့ကာခေါ်လိုက်လေသည်

"ဒီမှာဗျ"

ဟာအိုက တယောကိုစိတ်နှစ်ပြီး ထိုးမိနေလို့လားမသိ လူတစ်ယောက်က ဟာအိုရဲ့ပခုံးကိုလာတို့ကာ ခေါ်လိုက်တော့မှ ဟာအိုလည်း အနည်းငယ်အသိစိတ်တို့ပြန်ဝင်‌လာတော့သည်

"ဟို...ဘာကိစ္စရှိလို့လဲမသိ"

"ဒီဘက်က တယောထိုးသံကြောင့် ကျွန်တော်စာကျက်လို့မရဘူး"

ဒါဘယ်လိုအခြေအနေမျိုးလဲ drama လောကမှာဆိုရင် မင်းသားက တယောထိုးနေရင် မင်းသမီးက သဘောကျတယ်ဆိုပြီးပြောနေကျမဟုတ်ဘူးလား ပြောရရင် ဒီပြင်ပလောကမှာလည်း အဲ့လိုပြောတက်ကျပါတယ် အခုဟာက ဟာအိုတယောထိုးသံကြောင့် စာကျက်လို့မရတာတဲ့ ပြီး‌တော့ဟာအိုတယောထိုးသံကို လူတိုင်းကချီးကျူးနေကျပါ ဒီကောင်လေးကျမှ

"ဒီမှာဗျ ဘာတွေတွေးနေတာလဲ ကျွန်တော်ပြောတာကိုကြားရဲ့လား"

"ကြား...ကြားပါတယ်"

"ကြားတယ်ဆိုရင် နေရာရွေ့ပေးမလား ကျွန်တော် စာကျက်ချင်လို့"

"ဟုတ်...ဟုတ်ကဲ့ပါ"

ဟုတ်တယ် ဒီကောင်လေးကိုဟာအိုကြောက်မိတယ် သူကဟာအိုထက်ငယ်တယ်ဆိုပေမဲ့ ဗလကတောင့်တောင့် အရပ်ရှည်ရှည်‌ဆိုတော့ မတော်လို့ ဟာအိုကိုရန်တွေ့နေရင်ဘယ်လိုလုပ်မလဲ ဟုတ်တယ် ဟာအိုရှောင်ပေးလိုက်တာကပိုမှန်လိမ့်မယ်

ဟိုအစ်ကိုကိုကြည့်ရတာ ဂွမ်အုကိုကြောက်နေတဲ့ပုံပင် ဂွမ်အုပုံက အဲ့လောက်ကြောက်ဖို့ကောင်းနေလို့လား အခုလည်း အသည်းအသန်နဲ့ ပစ္စည်းတွေကို သိမ်းနေပြန်သည် ဂွမ်အုပြောတာလွန်သွားလို့များလား

"ဒီမှာ ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ"

"ဟို...ကျန်း...ကျန်းဟာအိုပါ"

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now