ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{11}

562 72 8
                                    

ဟန်ဘင်း တစ်‌နေ့တာကို တက်တက်ကြွကြွနဲ့စရင်ပြန်လိုက်၏ ဘာလို့ဆိုဒီ‌နေ့မက်သရူးကဟန်ဘင်းကိုချိန်းသည် အရေးတကြီးပြောစရာရှိလို့တဲ့ ဟန်ဘင်းရဲ့အခန်းထဲမှာ အဝတ်တွေကလဲပြန့်ကျဲလို့ မက်သရူးနဲ့တွေ့ရမှာပဲ လှလှလေးဝတ်သွားသင့်တယ်မဟုတ်လား

"အနက်ကကလှမလား ဒါမှမဟုတ်အညိုလေးကလှမလား....ဒါမှမဟုတ်ဂယူဘင့်ကိုဖုန်းဆက်မေးကြည့်လိုက်ရမလား"

ဟန်ဘင်းတစ်ယောက်တကယ့်ကို အလုပ်တွေရှုပ်နေခဲ့တာ အခုလည်း ပုံစံတူပြီး အရောင်သာကွဲတဲ့ အင်္ကျီနှစ်ခုကြားဟန်ဘင်းရွေးရခက်နေပြန်လေသည်

"ဒါဟယ် ဒီကိုကြည့် ဒယ်ဒီနဲ့ဆို ဒီအနက်ကလိုက်မလား အညိုနဲ့လိုက်မလား"

"ဝုတ် ဝုတ်"

ဒါဟယ်က ဟန်ဘင်းရဲ့ညာဘက်လက်ကို အင်္ကျီကိုကြည့်ကာ ဟောင်ပြလေသည်

"ဟုတ်တယ်နော် ဒယ်ဒီနဲ့ဆို အနက်ကလိုက်မှာ ဒယ်ဒီက handsome guy လေ"

အခုက ဟန်ဘင်းက‌ ခွေးနဲ့စကားတွေပြောနေမိတာလား တကယ်ဆိုဒါဟယ်ကို ဟန်ဘင်းက စကားလည်းလုံးဝမပြောခဲ့ဘူးတာပါ ဆော့မက်သရူး မင်းကငါ့ကိုပြောင်းလဲသွားအောင်လုပ်နိုင်တာပဲ။

~

မက်သရူး စိတ်တိုတိုနဲ့ "Rose" ဟုခေါ်သော café ဆိုင်လေးကိုထွက်လာလိုက်သည်
ဟာအိုhyungသည် တကယ်အကျင့်မကောင်းပါ သူတို့ လက်ထပ်ပွဲဖိတ်တာကို မက်သရူးကိုဖိတ်ခိုင်းတယ်တဲ့လေ သူတို့ လက်ထပ်တာလေ မက်သရူးလက်ထပ်တာမှမဟုတ်ပဲ
ဟန်ဘင်းhyungနဲ့ ‌မတွေ့ချင်ပါဘူးဆိုနေမှ

"ဒီက မောင်လေးဘာသုံးဆောင်မလဲမသိ"

"Latte နဲ့ Mocha အစ်မ"

ကြည့်ပါဦး ဆော့မက်သရူး ထိုလူရဲ့အကြိုက်ကို အခုထိမှတ်မိနေတုန်း

"မက်သရူး စောင့်နေတာကြာပီလား"

"အရင်ကလိုပဲ အမြဲတမ်းနောက်ကျတယ်"

ဟန်ဘင်း အသံတိတ်ရယ်လိုက်မိ၏ မဟုတ်ရင် မက်သရူးရဲ့မျက်စောင်းထိုးဒဏ်ကိုဟန်ဘင်းခံနေရပါဦးမယ် တကယ့်ကိုမက်သရူးရဲ့ စိတ်တိုနေတဲ့ပုံစံက ချစ်ဖို့ကောင်းလွန်းတယ်

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now