ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{18}

538 78 4
                                    

"ယူဂျင်း ခနစကားပြောရအောင်"

ဂျီဝန်းhyungနဲ့ စကားပြောနေတာကို
လာခေါ်တဲ့ ကင်မ်ဂယူဘင့်ကြောင့် ယူဂျင်းမှာ hyung ကို ခနစောင့်ဟုဆိုကာ သူ့ဆီကိုအမြန်သွားလိုက်ရ၏

"ဘာလဲ ဘာပြောမို့"

"ဟိုလေ...သက်တောင့်သက်တာ café မှာစကားပြောကျမလား"

"ရူးကြောင်ကြောင်လုပ်မနေနဲ့ ပြောချင်ရင် ဒီမှာပြော"

"လာပါကွာ အပြင်မှာပြောကျရအောင်လေနော်"

"ကင်မ်ဂယူဘင်ဘာဖြစ်နေတာလဲ ပြောချင်ရင် ဒီမှာပြောလို့"

"ငါမင်းကိုချစ်တယ်"

"What The Fuck! Why am I here? အာ hyung သွားတော့မယ်နော် အေးအေးဆေးဆေးပြောကျပါ"

မက်သရူးhyungကို သူမမြင်တာလား
hyung ခမျာ coffee တောင်သီးသွားရှာတယ် ပြီးတော့ ဒီလိုနည်းနဲ့ရည်းစားစကားပြောရမယ်လို့ သူ့ကိုဘယ်သူကများသင်ပေးလိုက်တာလဲ ရည်းစားတွေထပ်တလဲလဲတွဲပြီး ရည်းစားစကားပြောနည်းလေးတောင်သူမသိဘူးလား

"မင်းရူးနေလား ဒီနေရာကြီးမှာ"

"မင်းပဲပြောဆို အဲ့တာကြောင့်...."

"လာ"

ဂယူဘင့်ကိုဆွဲကာခေါ်သွားတဲ့ ချစ်ရသူလေး  ဂယူဘင်တို့အိမ်လေးရဲ့ အနီးအနားက
ပန်းခြံလေးကိုရောက်တော့ ချစ်ရသူက
ဂယူဘင့်လက်ကို လွှတ်လိုက်ပြီး

"ရည်းစားစကားကို ဒီလိုပြောရမယ်လို့
ဘယ်ကသင်ထားတာလဲ"

"မဟုတ်ဘူးလေကိုယ်ပြောခဲ့တယ်လေ... အပြင်ကိုသွားရအောင်လို့"

"ကိုယ်"တဲ့ ကင်မ်ဂယူဘင်ခင်ဗျားလူကိုအရူးလုပ်နေတာပဲ

"‌အဲ့တာနဲ့ပဲ အဲ့လိုကြီးပြောစရာလား ပြီးတော့ မက်သရူးhyungတစ်ယောက်လုံးရှိနေတာကို"

"ဘာဖြစ်လဲ မကြာခင်သိကျမှာပဲကို"

"ကင်မ်ဂယူဘင်!!"

"ချစ်တယ်"

"ငါကတော့မချစ်ဘူး"

တကယ့်ကိုကလေးဆိုးလေးပဲ ဟန်ယူဂျင်းက

"ဟုတ်လို့လား တစ်စုံတစ်ယောက်ရဲ့ဒိုင်ယာရီကို အမှတ်မထင်ဖတ်လိုက်ရပါတယ်နော်"

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now