ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{21}

509 69 4
                                    

သွားစရာရှိလို့ဟုဆိုကာထွက်သွားကျတဲ့
ဂယူဘင်နဲ့ယူဂျင်းကြောင့် ရစ်ကီအနားမှာ ထယ်ရယ်ပဲကျန်တော့၏ VIPအခန်းမို့လား
မသိ ရစ်ကီတို့က တစ်ယောက်တစ်နေရာဆီ
နေရခက်တဲ့အခြေအနေကြီးပါလား
ထယ်ရယ်ကလည်း ရစ်ကီကိုမကြည့်နေပါ
သူ့အလုပ်သာအာရုံစိုက်နေတာ ရစ်ကီကလည်း TVကိုကြည့်ချင်ယောင်သာဆောင်နေရတာ ထယ်ရယ့်ကိုခိုးခိုးကြည့်နေမိတာလည်း မနည်းဘူး

"ငါ့ကြောင့် အလုပ်တွေတော်တော်ပျက်သွားမှာပဲ"

"မဟုတ်တာ အလုပ်တွေကနည်းပါတယ်" ဟုဆိုကာ ပြုံးနေကျတိုင်းပြုံးလားတဲ့ထယ်ရယ်
အဲ့အပြုံးတွေ‌ကလေ မက်သရူးနဲ့သိပ်တူတာ အဲ့တာကရစ်ကီသဘောကျရတဲ့အချက်တစ်ချက်ပဲ သို့သော် ထယ်ရယ့်အပြုံးတွေက
မက်သရူးထက်ပိုလှ၏

"ရစ်ကီ..ငါ..တကယ်တောင်းပန်တယ်"

"ဘာအတွက်?"

"ငါ့ကြောင့် မင်းအခုလိုဖြစ်ရတာလေ"

"မဟုတ်တာ ငါဘာသာ ဒေါသမထိန်းနိုင်..."

လွှတ်ခနဲထွက်သွားတဲ့ စကားကြောင့် ရစ်ကီ ကိုယ့်ပါးစပ်ကိုပါ ကိုယ်ပြန်ပိတ်လိုက်ရ၏

"ဒေါသမထိန်းနိုင်ဘူး...မင်းဆိုလိုတာက"

"မင်းကိုပြောတဲ့စကားတွေက သိပ်လွန်တယ်လေ"

"..."

ထယ်ရယ်က ခနငြိမ်သက်သွားပြီ အနည်းငယ်ပြုံးလာ၏

"အရင်က ရစ်ကီမဟုတ်တော့ဘူးပဲ မှန်းစမ်း ရစ်ကီခန္တာကိုယ်ထဲ သရဲတွေများဝင်ပူးနေတာလား" ဟုဆိုကာ ရစ်ကီကို ကလိလာထိုးတဲ့ ထယ်ရယ်

"ယားတယ် ထယ်ရယ်ရ မလုပ်နဲ့"

ရစ်ကီက ထယ်ရယ့်ကို လှမ်းကာဆွဲလိုက်တာမို့ ထယ်ရယ်ခန္ဓာကိုယ်လေးက ရစ်ကီရင်ခွင်ထဲကိုရောက်လာ၏ ရစ်ကီတို့အရမ်းနီးကပ်နေခဲ့တာ နီးကပ်လွန်းတာမှ တစ်ယောက်ရင်ခုန်သံကိုတစ်ယောက်က ကြားရတဲ့အထိကို

"ဟို...ဟို အလုပ်တွေမပြီးသေး..."

"ခနလေး"

"...."

"ရင်ခုန်သံကိုကြားရလား"

"ရစ်ကီ"

မျက်မှန်းကြာကနေ မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ကြည့်လာတဲ့ချစ်ရသူ

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now