ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{15}

538 75 8
                                    

"ယူဂျင်း ငါလေမီဂျူးနဲ့ လမ်းခွဲလိုက်ပြီ"

"ရုတ်တရက်ကြီးပါလား ဘာဖြစ်လို့?"

ယူဂျင်းအတော်လေးကိုပျော်မိပါသည် သို့သော် ပျော်ရွှင်နေသော ပုံစံကို‌တော့
ယူဂျင်းချမပြလိုက်ပါဘူး

"ငါတို့ ယူဂျင်းလေးလောက် ချစ်ဖို့မကောင်းလို့လေ"

"တော်စမ်းပါ"

ဂယူဘင်းက‌စလိုက်တော့ ယူဂျင်က သူဖတ်နေတဲ့စာအုပ်လေးနဲ့ ဂယူဘင့်ကိုထုပါလေရဲ့

"နာတယ် ယူဂျင်းရ"

"အပိုတွေပြောနေတာကို"

"အပိုမဟုတ်ပါဘူးနော် အတည်အတည်"

"ကင်မ်ဂယူဘင်ကတော့ သေချင်နေပြီထင်တယ်"

"အဟားဟား"

ယူဂျင်း‌လည်း ဂယူဘင့်ရဲ့ရယ်သံတွေကို
လစ်လျှုရှုလိုက်ပြီ သူ့ရဲ့စာအုပ်ဆီသို့ပြန်သာအာရုံစိုက်နေလိုက်၏

"ငါချစ်ရတဲ့သူရှိနေပြီယူဂျင်း ငါသူ့ကိုတကယ်ချစ်တာ ဒီလမကုန်ခင်ငါသူ့ကိုဖွင့်ပြောမှာ"

"....."

ဘယ်လိုခံစားချက်မျိုးပါလိမ့် ပျော်ရသလိုနဲ့ဝမ်းနည်းရသလိုခံစားချက်မျိုး ဒီစကားကို
မကြားခင်တိုင်အထိတော့ ယူဂျင်းပျော်လိုက်မိ‌ပါသေးသည် ကင်မ်ဂယူဘင်က ယူဂျင်းက်ိုအချိုနည်းနည်းတော့ ကျွေးလိုက်ပါသေးတယ်လေ ရယ်စရာ‌ကောင်းလွန်းတဲ့အတွေးတစ်ခုကတော့ ဂယူဘင်ချစ်ရသူဆိုသူက သူသာဖြစ်ရင်ဘယ်လောက်ကောင်းမလဲဆိုတာပင်။

~

"ဘယ်သူမှ အိမ်မှာမရှိကျဘူးလား မှောင်မဲနေတာပဲ"

ရစ်ကီအိမ်ကိုပြန်လာတော့ မှောင်မဲနေသောအိမ်ကြီးက ရစ်ကီကိုကြိုဆိုလို့ ဒီနေ့က အလုပ်ပိတ်တဲ့နေ့ပါ သူတို့တွေက ရစ်ကီကိုထားပြီ ဘယ်ကိုများသွားကျတာပါလိမ့်ဟုတွေးကာ ရစ်ကီအိမ်ထဲသို့ဝင်လိုက်၏

*ဖောက်*

"saeng il chuk ha ham ni da
saeng il chuk ha ham ni da
sarang ha neun uri Ricky
saeng il chuk ha ham ni da"

"saeng il chuk ha Ricky"

"ထယ်ရယ် ဒါကဘာတွေလည်း ပြီးတော့ မင်းတို့တွေကပါ...."

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now