Chapter - 18

838 171 1
                                    

Unicode

၁၆၉၂။ ငါ့ရဲ့ကြည့်ကောင်းခံ့ညားတဲ့ပုံစံအစစ်အမှန်
___________________

"အထူးသဖြင့်..."

795က အခန်းဘေးဘီကို ဂရုတစိုက်ဝေ့ကြည့်ကာတီးတိုးဆိုသည်။

"ပထမျိုးဆက်တာဝန်ထမ်းဆောင်သူတွေနဲ့ရှိနေရင် မင်း ကောင်းကောင်းနေသင့်တယ်။ သူတို့က စည်းမျဉ်းတွေချမှတ်တဲ့လူတွေပဲ။"

နဉ်ရှုတစ်ယောက် သက်ပြင်းရှည်ကြီးမချဘဲမနေနိုင်တော့ပါချေ။ ကျန်းကျားစန်က အဆင့်နိမ့်၊ အခြေခံအဆင့်တာဝန်ထမ်းဆောင်သူဆိုတော့ စိတ်လိုက်မာန်ပါလုပ်တတ်တယ်။ အထက်ရာထူးပိုင်းကကိစ္စတွေကို သူ နားမလည်ဘူး။

သူက လက်စားချေဖို့ဆန္ဒစောလွန်းနေတယ်။

795ကနဉ်ရှုပခုံးကိုပုတ်သည်။

"အေးဆေးပေါ့။ 6475ဒီမှာမရှိတော့တာကောင်းတယ်။ ငါတို့ သူ့ကို သတိထားနေဖို့မလိုတော့ဘူး။"

"ကျေးဇူး။"

နဉ်ရှုကပြောသည်။

"ပထမမျိုးဆက်တာဝန်ထမ်းဆောင်သူက တကယ်ပဲစွမ်းအားကြီးတာလား? သူတို့က တခြားသူတွေရဲ့ကိုယ်ကို သုံးစရာမလိုဘူးပေါ့?"

နဉ်ရှုကမေးသည်။

"သူတို့က သူတို့ရဲ့စွမ်းအားကို အနိမ့်ဆုံးမှာထိန်းထားပြီး ကမ္ဘာတစ်ခုဆီဝင်ဖို့ပဲလိုတာ။"

795ကပြောသည်။

"ငါလည်း ငါ့ရဲ့ကြည့်ကောင်းခံ့ညားတဲ့ပုံစံအမှန်နဲ့ပေါ်လာချင်တာပေါ့!"

နဉ်ရှု : →⁠_⁠→

"ငါ့ပါးစပ်မှာပြည်တည်နာရှိတယ်။"

795ကနှုတ်ခမ်းစူသည်။

"ငါ့ကို တံတွေးနည်းနည်းပေး။"

နဉ်ရှုက အိမ်ထဲလှည့်ဝင်သွားတော့သည်။ အန်ကယ်က သူ့ခြေတံရှည်တွေနဲ့ခြေချိတ်ထိုင်နေတာကိုတွေ့လိုက်ရပြီး နဉ်ရှုတစ်ယောက် တံတွေးမြိုချမိရသည်။ အခု‌တော့ အန်ကယ်က တကယ်ကြောက်ဖို့ကောင်းတယ်လို့ သူမထင်နေပြီ။

လူတွေကို ခွဲစိတ်ဓားလေးနဲ့ပဲခွဲစိတ်ပြီး သေနတ်နဲ့မသတ်တတ်တဲ့ချစ်စရာကျောင်းဆရာဝန်အန်ကယ် ဘယ်ရောက်သွားတာတုန်း?

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now