Chapter - 37

582 118 1
                                    

Unicode

၁၇၁၁။ စခဲ့တဲ့‌နေရာမှာပဲအဆုံးသတ်

လက်ရှိဖန့်ကျွင်းယန်က တခြားသူတွေကိုခြိမ်းခြောက်ဖို့တောင်မကြောက်ရွံ့တော့တဲ့အထိ အတော်လေးစိတ်မရှည်ဘဲ ဂနာမငြိမ်ဖြစ်နေတယ်လို့ နဉ်ရှုခံစားမိသည်။ အရင်ဖန့်ကျွင်းယန်က အဲ့လိုမဟုတ်ပေ။

လက်ရှိသူက ပြန်ကိုက်ဖို့အဆင်သင့်ဖြစ်နေတဲ့ ချောင်ပိတ်ခံထားရတဲ့ယုန်လေးတစ်ကောင်လိုပင်။

လူအုပ်မှာ သူတို့နှာခေါင်းတွေကနေ နှာရည်တွေစီးကျလာတဲ့အထိ အေးနေကြသည်။ ရေနွေးပူပူတစ်ယောက်တစ်ခွက်စီသောက်ပြီးတဲ့နောက်မှာ သူတို့ရဲ့ကိုယ်တွေက နည်းနည်းနွေးလာ၏။ အခုအချိန်မှာတော့ ဘယ်သူဘာပြောပြော သူတို့ ဘယ်လိုနည်းနဲ့မှထပ်ပြီးထွက်သွားတော့မှာမဟုတ်ပေ။

‌နောက်ဆုံးတော့လည်း သူတို့တွေ စခဲ့တဲ့နေရာမှာပဲအဆုံးသတ်ခဲ့ကြပြီ။ နောက် ဘာဆက်ဖြစ်မလဲဆိုတာ သူတို့မသိတော့ဘူး။

နဉ်ရှုတစ်ယောက် ခေါင်းပိုရှုပ်သွားရသည်။ အန်ကယ်က အဲ့လောက်တောင်ပျင်းနေတဲ့လူလား? သူက ဘာလို့ အကြောင်းပြချက်မရှိ အားလုံးကိုခေါ်ထုတ်သွားရတာလဲ?

နဉ်ရှု စဉ်းစားကြည့်မိသည်။ သူမ ဒီမနားတမ်းသတ်ဖြတ်နေတဲ့ကစားပွဲကြီးကို စိတ်ကုန်နေပြီ။ လက်ဦးမှုရယူလိုက်တာကောင်းမယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူမ ဘယ်လောက်ပဲသူမခေါင်းကိုအလုပ်ပေးပေး လူသတ်သမားဘယ်သူလဲဆိုတာ စဉ်းစားလို့မှမရတာ။ သံသယဝင်စရာလူတွေအများကြီးပဲ၊ ပြီးတော့ အားလုံးက လူသတ်သမားဖြစ်နိုင်တယ်လို့ခံစားရတယ်။

ရှောင်လန့်လည်ပင်းကို နဉ်ရှုလှမ်းကြည့်လိုက်မိသည်။ အဲ့ကြိုးနီမှာ ဘာများတပ်ထားတာလဲ?

အဖွားအိုက သူတို့အတွက် စားစရာပြင်မပေးတာမို့ ညစာမစားရပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေလည်း ခွာပြဲသွားကြပြီပဲ။

ရေပူပူလေးတစ်ငုံသောက်ရတာကတင်ဟုတ်နေပြီ။ နဉ်ရှု မနက်က မာတောင့်ကာ စားမဖြစ်တဲ့ဂျုံနက်ပေါက်စီတွေထုတ်လိုက်သည်။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now