Chapter - 26

709 121 3
                                    

Unicode

၁၇၀၀။ မင်း ဘာလို့ ဝက်ခြံထဲဝင်ရတာလဲ?

795လည်းစိတ်ရှုပ်လာသည်။

"ငါတို့ သတိမထားမိတာတစ်ခုခုရှိရမယ်။"

"ထွက်ပြေးသွားတဲ့လင်းရှသတင်းလည်းမကြားရဘူး။ ဒါက တကယ်ပဲပူဇော်ပသတဲ့အခမ်းအနားဆိုရင် သူ့အလောင်းကို တစ်နေရာမှာချိတ်ထားမှာပဲ။"

795ကပြောသည်။

"ကွင်းဆက်လူသတ်သမားတစ်ယောက်က အလောင်းတွေကို ထူးခြားတဲ့ပုံစံတစ်မျိုးနဲ့ထားပြီး ထူးထူးဆန်းဆန်းနည်းနဲ့သတ်တဲ့တာဝန်တစ်ခုကို ငါ တစ်ခါကြုံဖူးတယ်။"

"အခုဖြစ်နေတဲ့ပြဿနာက ဒီလူ‌တွေကြားထဲမှာ လူသတ်သမားတစ်ယောက်ထက်ပိုရှိနေတာပဲ။ ဒါမှမဟုတ် အားလုံးကိုသတ်ပြီးတဲ့အခါ သူတို့ ကိုယ့်ကိုကိုယ်သတ်သေလိုက်ကြတယ်လို့ ရှင်ထင်တာလား?"

နဉ်ရှုက စိတ်ရှုပ်နေတဲ့လေသံနဲ့ဆိုသည်။

795ကပခုံးတွန့်သည်။

"ဘယ်သူသိမှာတုန်း?"

နဉ်ရှု : →⁠_⁠→

နဉ်ရှု စဉ်းစားလိုက်ပြီးနောက် 795ကိုတီးတိုးပြောသည်။

"ဒီအိမ်ကိုပတ်ကြည့်ရအောင်။ ဒီလောက်များတဲ့လူသတ်လက်နက်တွေရှိနေမှ‌တော့ သူတို့ တစ်နေရာမှာဖွက်ဖို့လိုမှာသေချာတယ်။"

"မြောက်ပိုင်းဒေသတွေကအိမ်တိုင်းမှာ ရိက္ခာသိုလှောင်ခန်းရှိတယ်။ ဒါပေမယ့် ငါ ဒီမှာ သိုလှောင်ခန်းမတွေ့မိဘူး၊ အဲ့အခန်းက ပစ္စည်းတွေဖွက်ဖို့ အကောင်းဆုံးလို့ငါထင်တယ်။"

၊၊795ကခေါင်းငြိမ့်သည်။ သူက နဉ်ရှုကိုအဖော်ပြုကာ တစိအိမ်လုံးလျှောက်ကြည့်လေ၏။ သူမတို့ ဝက်ခြံထဲတောင်သွားခဲ့ကြပေမယ့် ရိက္ခာသိုလှောင်ခန်းကိုမတွေ့ပေ။

အိမ်မှာ သိုလှောင်ခန်းမရှိပါချေ။

"ရိက္ခာသိုလှောင်ခန်းမရှိတာက ဒီအိမ်မှာ တခြားလျှို့ဝှက်အခန်းတွေရှိနေတယ်ဆိုတဲ့သဘောပဲ။"

795ကပြောသည်။

"ဟိုမြေးအဖွားနှစ်ယောက်က လူသတ်မှုနဲ့ပတ်သက်နေရမယ်။"

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now