Chapter - 20

855 178 2
                                    

Unicode

၁၆၉၄။ သူတို့နှစ်ယောက် ဘယ်ရောက်နေလဲ?
_____________________

ရံဖန်ရံခါ ဟိုမှသည်မှထွက်ပေါ်လာသည့်အသက်ရှူသံများက အခန်းထဲရှိတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်၏။ မိန်းကလေးအချို့မှာ တိတ်တဆိတ်ငိုကြွေးနေကြသော်ငြား ထွက်မပြေးရဲကြချေ။ သူမတို့မှာ ဤနေရာမှထွက်သွားချင်ပါသော်ငြား ယခင်ကထွက်ပြေးသွားဖူးသည့်လင်းရှကို သတိရမိသွားကြသည်။

သူ တစ်ညလုံးပြန်မလာခဲ့ဘူး။ သေသွားတာဖြစ်ဖို့များတယ်။

လူအများအပြားမှာ သူတို့၏မျှော်လင့်ချက်မျက်ဝန်းများကို အရပ်ရှည်ခံ့ညားကာတည်ငြိမ်နေသည့်အန်ကယ့်အပေါ်ထားလိုက်ကြတော့သည်။

လုရှန်းရှန်းသည် အန်ကယ့်အားမေးချေ၏။

"လူသတ်သမားဘယ်သူလဲဆိုတာ အကြံပေးသိလားဟင်?"

"ကျွန်မတော့ ဖန့်ကျွင်းယန်က သံသယဝင်စရာအကောင်းဆုံးလို့ထင်တယ်။"

လုရှန်းရှန်းဆို၏။

749တစ်ယောက် ချက်ချင်းပင်ဒေါကန်လာတော့သည်။

"မင်းထင်တယ်? မင်း လူတစ်ယောက်ကိုသံသယဝင်ချင်ရင် သက်သေရှိရတယ်ကွ။"

"နင်က ယောက်ျားရောဟုတ်ရဲ့လား? မိန်းကလေးတစ်ယောက်လို ချေး(ဂျီး)များနေလိုက်တာ။"

လုရှန်းရှန်းသည် သူ့ထံ ရွံရှာနေသည့်အကြည့်တစ်ချက်ပို့ကာ အန်ကယ့်အားပြန်ကြည့်သည်။

749ကား ရွံရှာမှုဖြင့်နှုတ်ခမ်းတွန့်ချေ၏။

"အခွင့်အရေးရတာနဲ့ ကိုယ့်ကိုကိုယ်ယောက်ျားတစ်ယောက်ရှေ့ပြေးဝင်တော့တာပဲ။ ရွံဖို့ကောင်းလိုက်တာ။"

လုရှန်းရှန်းသည် 749အား လူသတ်ချင်စိတ်ပြင်းပြနေသည့်အကြည့်တို့ဖြင့်ကြည့်၏။ သို့သော်ငြား အန်ကယ်ရှိနေသေးသဖြင့် သူမသည် လူသတ်ချင်စိတ်ကိုချိုးနှိမ်ကာ စိတ်တိုစရာလူကိုမကြည့်မိစေဖို့ တစ်ဖက်ကိုခေါင်းလှည့်လိုက်သည်။

"ငါ ဘယ်သူ့ကိုမှမသတ်ဘူး။ တကယ်တော့ ငါ့မှာ လူသတ်ဖို့အကြောင်းပြချက်ကိုမရှိတာ။ ငါက ရိုးရာပန်းချီအသင်းရဲ့ခေါင်းဆောင်ပဲ၊ အသင်းဝင်တွေအပေါ်ဖြစ်တဲ့ကိစ္စတွေအတွက် ငါ့မှာတာဝန်ရှိတယ်။"

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now