Chapter - 27

652 108 3
                                    

Unicode

၁၇၀၁။ ကြိုးနီ

ဖန့်ကျွင်းယန်ရဲ့လည်ပင်းထက်ကကြိုးနီကို နဉ်ရှုသတိထားလိုက်မိသည်။ အရင်တုန်းက သူမ ရှောင်လန့်လည်ပင်းမှာလည်း ဒီကြိုးမျိုးမြင်ဖူးတယ်။

သေချာစဉ်းစားကြည့်တော့ တိုက်ဆိုင်တာဖြစ်နိုင်တယ်။ ဆွဲပြားကို သူမ မမြင်ဖူးတော့ သူတို့နှစ်ယောက်က ဆက်စပ်နေလား သူမ မပြောနိုင်ဘူး။

ဖန့်ကျွင်းယန် သူ့မျက်နှာကိုအုပ်ထားလိုက်မိသည်။ မျက်နှာကို ပုဆိန်စိုက်ဝင်နေတဲ့ ကြမ်းပေါ်ကအလောင်းကို သူ မကြည့်ရက်။

"ငါ ထွက်သွားချင်တယ်။ ငါ ဒီမှာ မနေချင်တော့ဘူး။"

ဖန့်ကျွင်းယန်ရဲ့မျက်လုံးတွေက ငိုတော့မည့်အတိုင်း နီရဲလို့နေသည်။

တခြားသူတွေလည်း ထိတ်လန့်နေတဲ့အမူအရာတွေနဲ့ဖြစ်နေသည်။ အသင်းဝင်တွေ တစ်ယောက်ပြီးတစ်ယောက်သေကုန်ကြပြီး သေပုံကလည်းရက်စက်လွန်းတာကိုမြင်တဲ့အခါ သူတို့ မကျိန်ဆဲဘဲမနေနိုင်တော့ချေ။

"ငါ ဘာလို့ ဒီငရဲတွင်းထဲလာမိတာလဲ?"

"ငါကြောက်တယ်။ ငါ အိမ်ပြန်ချင်တယ်..."

"ချီးပဲ..."

"ဘယ်သူလဲ? လူဖြစ်ဖြစ် သရဲဖြစ်ဖြစ် ထွက်ခဲ့!"

ကြောက်ရွံ့ထိတ်လန့်မှုနဲ့ကြီးစိုးနေတဲ့ပတ်ဝန်းကျင်က သူတို့ကို စိတ်မတည်ငြိမ်စေတော့။ သူတို့ကား ထိတ်လန့်နေသည့်ငှက်များနှယ် သူတို့အနီးနားကလူတွေကိုပင် သံသယဝင်လာကြသည်။

"ဖန့်ကျွင်းယန်၊ မင်းက ငါတို့ကို ဒီခေါ်လာတဲ့သူပဲ။ ငါ အိမ်ပြန်ချင်တယ်၊ ငါ အခုချက်ချင်းအိမ်ပြန်ချင်တယ်!"

ကောင်လေးတစ်ယောက်က ဖန့်ကျွင်းယန်ရဲ့အင်္ကျီကော်လာကိုဆုပ်ကိုင်ကာ သူ့မျက်နှာကို လက်သီးနဲ့ထိုးသည်။

ဖန့်ကျွင်းယန် ကြမ်းပေါ်ကိုလဲကျသွားသည်။ သူ့နှုတ်ခမ်းထောင့်တွေကနေ သွေးတွေစီးကျနေပေမယ့် သူ ပြန်မထိုးပေ။ သူက ကြမ်းပေါ်မှာပဲထိုင်နေကာ စိတ်ဓာတ်တို့ကြေပျက်သွားပုံရလျက် သူ့ဆံပင်တွေကိုဆက်ဆွဲနေသည်။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now