Chapter - 23

862 183 2
                                    

Unicode

၁၆၉၇။ သူ့မင်္ဂလာလက်ဖွဲ့မှာပိုက်ဆံများများသုံးပေး

795နဲ့လုရှန်းရှန်းတို့ကြားမှာ ဘယ်လိုအမုန်းတရားမျိုးရှိတယ်ဆိုတာ ဘယ်သူသိမှာလဲ။ လုရှန်းရှန်းဘာပြောပြော 795က ချက်ချင်းဆန့်ကျင်တယ်။ သူက သူမနဲ့အတင်းလိုက်ရန်ဖြစ်နေတော့တာ။

795က လုရှန်းရှန်းကို ကြိတ်ချစ်နေပြီး သူမရဲ့အာရုံစိုက်မှုကိုရဖို့ ဆန်းသစ်တဲ့နည်းကိုသုံးနေတာဖြစ်ရမယ်လို့ နဉ်ရှုတွေးလိုက်မိသည်။

လုရှန်းရှန်းက နဉ်ရှုမြင်ဖူးသမျှလူတွေထဲမှာ အလှဆုံးမိန်းမဖြစ်၏။ သူမရဲ့စိတ်ထားနဲ့ရုပ်ရည်နှစ်ခုလုံးထိပ်တန်းပင်။

အထူးသဖြင့် သူမ ရှေးခေတ်ဝတ်စုံဝတ်ထားချိန်မှာဆို သူမက သေမျိုးလောကရဲ့မကောင်းတဲ့အညစ်အကြေးတွေကပ်ငြိခြင်းမခံရသည့်နှယ်။ သူမက 795ပြောသလို - အပျက်မတစ်ယောက်လုံးမဟုတ်ပေ။

တစ်ယောက်ယောက်ကိုသဘောကျတာ ဘာမှမမှားပေမယ့် 795က ဒီလိုပုံနဲ့နဲ့လိုက်နေတာက လုရှန်းရှန်းကိုဒေါသထွက်စေတယ်။ လုရှန်းရှန်း‌တော့ သူ့ကိုကြိုက်ဖို့နေနေသာသာ သတ်တောင်သတ်ချင်နေလောက်တယ်။

နဉ်ရှုက အနက်ရောင်ပေါက်စီကိုဝါးနေတဲ့795ဆီ နားလည်ရခက်တဲ့အကြည့်တစ်ချက်ပို့၏။ သူမအကြည့်ကိုသတိထားမိတဲ့သူကပြောလာသည်။

"မင်း ငါ့ကို ဘာလို့ အဲ့လိုကြီးကြည့်နေတာတုန်း?"

နဉ်ရှုကပြောသည်။

"နင် လူတစ်ယောက်ကိုကြိုက်ရင် အလုပ်ကြိုးစားပြီးပိုက်ဆံအများကြီးရှာ။ သူ လက်ထပ်တဲ့အခါ သူ့မင်္ဂလာလက်ဖွဲ့မှာပိုက်ဆံများများသုံးပေး။"

795 : ...

"မင်း ဘာတွေပြောနေတာတုန်း?"

795ကားခေါင်းရှုပ်သွားပုံရ၏။

နဉ်ရှုက နားလည်ပါတယ်ဆိုတဲ့အမူအရာနဲ့စုတ်သပ်သည်။

ထို့နောက် သူမက သူမရဲ့ပေါက်စီကိုတစ်ကိုက်,ကိုက်သည်။ ထောင့်နားမှာ ခေါင်းငိုက်စိုက်နဲ့ထိုင်နေတဲ့လျိုမန်မန့်ကိုမြင်တဲ့အခါ သူမက ပေါက်စီတစ်လုံးယူကာလျှောက်သွားသည်။ သူမကပြောသည်။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now