Chapter - 41

607 116 2
                                    

Unicode

၁၇၁၅။ နင် သွေးနံ့ရလား?

မြေကြီးတစ်လွှာတူးပြီးနောက်မှာတော့ သစ်သားကြမ်းပြင်ပေါ်လာသည်။ ၇၉၅က ကြမ်းပြင်ကိုခေါက်လိုက်ပြီး လိုဏ်သံတစ်သံထွက်လာစေသည်။

"အလွတ်ကြီးပဲ။"

၇၉၅ကပြောသည်။

"ဒီအောက်မှာ လမ်းကြောင်းတစ်ခုရှိလောက်တယ်။"

၇၉၅က နဉ်ရှုလက်ထဲကနေ တူရွင်းလှမ်းယူကာ ကြမ်းပေါ်ရှိမြေခဲတို့ကိုစတူးသည်။

အချိန်ခဏကြာသွားပြီးနောက်မှာ ဧည့်ခန်းကြမ်းပြင်ရှိမြေကြီးတွေကို တူးနိုင်သွားပြီး သစ်သားပြားတွေနဲ့လုပ်ထားတဲ့ကြမ်းပြင်ကိုပေါ်လွင်သွားစေ၏။

နဉ်ရှုက ကြမ်းပေါ်မှာဝပ်ချလိုက်သည်။ အောက်မှာဘာရှိနေလဲဆိုတာကို သူမ ကြမ်းကြားထဲကနေကြည့်ချင်ခဲ့တာဖြစ်၏။

သူမကိုကြိုဆိုနေသည်က အမှောင်ထု။ ဘာကိုမှမမြင်ရပါပေ။

"ဒီနားမှာ ခလုတ်တွေဘာတွေရှိမလားကူရှာပေးကြဦး။"

၇၉၅က ကျန်လူတွေကိုလှမ်းပြောသည်။

အန်ကယ်က ခုံပေါ််ကနေမရွေ့ချေ။ သို့သော်ငြား လုရှန်းရှန်းကတော့ သူ့ကို တစ်စုံတစ်ရာတီးတိုးပြောနေ၏။

"သူ့လုပ်ပုံကိုကြည့်ဦး။"

၇၉၅က နဉ်ရှုကိုလှမ်းပြောသည်။

နဉ်ရှု : ...

၇၉၅ကို လုရှန်းရှန်း ဘာများလုပ်ခဲ့တာတုန်း?

နဉ်ရှုရဲ့နှာခေါင်းကတရှုပ်ရှုပ်ဖြစ်လာသည်။

"နင် သွေးနံ့ရလား?"

၇၉၅က ဧည့်ခန်းဘေးနားကအခန်းရဲ့တံခါးကိုကန်ဖွင့်လိုက်၏။ နဉ်ရှု အထဲကိုကြည့်လိုက်မိပြီး ကြမ်းပေါ်မှာဒူးထောက်နေတဲ့အဖွားအိုကိုတွေ့လိုက်ရတော့သည်။ သူမရဲ့မျက်တွင်းတွေက ဟောင်းလောင်းပေါက်ကြီးဖြစ်နေပြီး သူမရဲ့မျက်လုံးတွေက ဖောက်ထုတ်ခံထားရသည်။ မျက်နှာပေါ်မှာတွဲလောင်းကျနေတဲ့မျက်လုံးတွေမှာ သွေးနဲ့အသားစတစ်ချို့ကပ်နေ၏။

တစ်ချက်သာကြည့်ပြီးနောက် နဉ်ရှု အကြည့်လွှဲလိုက်မိသည်။ ဒါက သူမမြင်ဖူးသမျှထဲမှာ သွေးသံအရဲဆုံးသတ်ဖြတ်မှုပဲ။ ဒီတာဝန်မှာ လူတစ်ယောက်ချင်းစီရဲ့သေဆုံးမှုတစ်ခုစီတိုင်းက အတော်လေးစက်ဆုပ်ဖို့ကောင်းတယ်။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now