Chapter - 44

602 116 1
                                    

Unicode

၁၇၁၈။ လိမ်လိမ်မာမာနဲ့ဒီကိုလာ

ဖန်ချန်းမှာ ဝိဉာဉ်ခန္ဓာရှိတာလား?

နဉ်ရှု ၇၉၅ကိုမေးလိုက်သည်။

"သူက ဘာတုန်း?"

၇၉၅ကား အခြေအနေသိပ်မကောင်းလှ။ သူက သူ့ရင်ဘတ်ကိုထုကာဆို၏။

"အိုင်း၊ စိတ်ဆင်းရဲဖို့ကောင်းလိုက်တာ။ ဝိဉာဉ်ခန္ဓာတစ်ခုရဖို့ ဒင်း ဝိဉာဉ်ဘယ်လောက်များများစုပ်ယူထားလဲဆိုတာ ဘယ်သူသိမှာလဲ?"

"ငါ ကံကောင်းပြီးကျောက်တုံးရနိုင်မလားအောက်မေ့တယ်၊ ကျောက်တုံးမှာ သူ့ကိုယ်ပိုင်အသိစိတ်ရှိနေပြီ။"

နဉ်ရှု : ...

ဒါက သူမတို့ရဲ့လောဘစိတ်တွေကို လုံးဝငြှိမ်းသတ်လိုက်တာပဲ။ အန်ကယ့်ကိုထားလိုက်ဦး၊ ဒီကျောက်တုံးရဲ့ဝိဉာဉ်က သူမထက်တောင်ပိုအားကောင်းသေးတယ်။ သူမသာ တစ်ခုခုလုပ်ဖို့ကြိုးစားရင် သူမရဲ့ဝိဉာဉ်စုပ်ယူခံလိုက်ရမှာ။

နဉ်ရှုလည်း ၇၉၅လိုပင် သူမရင်ဘတ်ကိုအုပ်ကိုင်လိုက်မိ၏။ စိတ်ဓာတ်ကျသွားမိသည်မှာ အဖတ်ဆယ်လို့ပင်မရနိုင်တော့။

"ဒါဆို အဲ့ဒါက ဘာလို့ ထပ်ကာထပ်ကာပြန်ဝင်စားနိုင်ရတာလဲ?"

နဉ်ရှုကမေးသည်။

"အဲ့ဒါက လူတွေကို အကြိမ်တိုင်းမှာ ပိုနာကျင်မှုတွေ၊ ပိုမုန်းတီးမှုတွေနဲ့ ပိုများတဲ့ကြောက်စိတ်နဲ့သေဆုံးရမှုကို ထပ်ကာထပ်ကာကြုံတွေ့ခံစားရစေတယ်။ စိတ်ခံစားချက်ခုနစ်ခုက အဆုံးအဆမရှိကြီးထွားလာပြီး ဝိဉာဉ်ကို ပိုအားကောင်းလာစေတယ်။"

၇၉၅ကပြောသည်။

ကျန်းကျားစန်က ဖန်ချန်းကိုစိုက်ကြည့်နေ၏။ သူ့မျက်လုံးတွေက ကျဉ်းမြောင်းလာကာ သူ့မျက်လုံးတွေထဲ မှောင်ရိပ်တချို့ဖြတ်ပြေးသွားသည်။

"အားလုံး နောက်ဆုတ်နေ။"

အန်ကယ်က မျက်နှာသေဖြင့်ဆိုသည်။ လူအုပ်က ချက်ချင်းပင်နောက်ဆုတ်သွား၏။

အန်ကယ်က ဖန်ချန်းကိုလက်ယပ်ခေါ်သည်။

"လိမ်လိမ်မာမာနဲ့ဒီကိုလာ။"

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now