EPISODE 4

104 29 1
                                    

Jay ဒီနေ့ သူငယ်ချင်းရဲ့ ပန်းချီပြပွဲရှိတာကြောင့် Seoul ကို သွားဖို့ဖြစ်လာခဲ့သည်၊ မနေ့ညကမှ အလောတကြီး ဆက်သွယ်လာတဲ့ သူငယ်ချင်းဖြစ်သူကြောင့် ဒီမနက်ပဲ Jay သွားရပါမည်၊ အဆက်အသွယ် မလုပ်ဖြစ်တာကြာပြီ ဖြစ်ပေမယ့် သတိတရ လှမ်းဆက်သွယ်လာသူကြောင့် မသွားလို့လည်း မဖြစ်ပါ

သွားစရာရှိတဲ့ ကိစ္စထက် လွန်ခဲ့တဲ့ နှစ်ရက်က Jongwoo Hyung စိတ်ဆိုးသွားတာကို ခုထိ Jay စိတ်ထဲထင့်နေမိသည်၊ ဘယ်လိုပြန်အဆင်ပြေအောင် လုပ်ရမလဲဆိုတာကို သူမသိပါ၊ အဲ့ကိစ္စပြီးကတည်းက သူတို့ လုံးဝမဆုံဖြစ်ပါ၊

Jongwoo Hyung လည်း အိမ်ထဲက အိမ်အပြင်မထွက်သလို သူကလည်း Hyung ရဲ့ အိမ်ကို မသွားဖြစ်ပါ၊ ခွင့်ပြုချက် မရှိဘဲနဲ့ Jay သူများအိမ်ကို ဘယ်သွားလို့ အဆင်ပြေပါ့မလဲ၊ ဒါ့ကြောင့် Jay သူလုပ်စရာ ရှိတာတွေကိုပဲ လုပ်နေမိသည်၊

သူတိုက အိမ်ချင်းကပ်နေပေမယ့် နီးနီးလေးမှာ ရှိနေပေမယ့်လေ ဘယ်လိုချဉ်းကပ်ပြီး ဘယ်လိုပြန်ပြေလည်အောင် လုပ်ရမလဲဆိုတာကို သူစဉ်းစား ၍မရ၊ သူမှားသွားတယ်ဆိုတာကိုပဲ သူသိပါသည် ဘယ်လို ပြန်အဆင်ပြေအောင် လုပ်ရမလဲဆိုတာ
ကိုတော့ သူသေသေချာချာ မသိပါ၊

သူ့ဘက်ကသာ Jongwoo Hyung အကြောင်းကို စိတ်ဝင်စားပြီး ခင်ချင်နေတာ မဟုတ်လား၊Hyung ကတော့ သူ့ကို ဘယ်လို သဘောထားတယ်ဆိုတာ သူမသိ၊ သေချာတာကတော့ Jay ရဲ့ သဘောထားလိုမျိုး မဟုတ်ဘူးဆိုတာပါပဲ၊

ဒါပေမယ့် ဒီနေ့ မသွားခင်တော့ Hyung ကို ဝင်နှုတ်ဆက်သွားချင်မိသည်

ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပြီး Jay သွားဖို့ ကားထုတ်လိုက်တော့သည်၊ အဝတ်အစားကိုတော့Jay ခါတိုင်းနဲ့ မတူဘဲ အနက်ရောင် Suit ကို ဝတ်ဆင်ဖို့ ရွေးချယ်ထားပါသည်၊ ပြပွဲကို သွားမှာဖြစ်တဲ့ အတွက်ကြောင့် အနည်းဆုံးသပ်သပ်ရပ်ရပ်တော့ ဝတ်ထားသင့်တယ် မဟုတ်လား၊

Hyung အိမ်ရှေ့မှာ ကားရပ်လိုက်ပြီး Hyung ကြားအောင် ကားဟွန်းကိုတီးလိုက်ပါသည်၊ Jongwoo Hyung ထွက်လာမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ပေါ့၊ တစ်ချက် နှစ်ချက်လောက် တီးလိုက်ပြီး Hyung အလာစောင့်နေမိပါသည်၊ Jay မသွားခင် Hyung နဲ့စကားပြောကိုပြောရမှဖြစ်မည်၊

MIDNIGHT Where stories live. Discover now