EPISODE 13

108 29 7
                                    

" Ji Woong ဒီညတရုတ်က စီးပွားရေးမိတ်ဆွေတွေနဲ့ Dinnerစားဖို့ရှိတယ် အချိန်မှီ ပြင်ထား "

အဖေပြောသည်ကို သူခေါင်းတစ်ချက်သာ ညိတ်ပြီး တုံ့ပြန်ခဲ့တယ်၊ မလုပ်ချင်တဲ့ ဒီအရာတွေကို သူလုပ်ရပါဦးမယ်၊ စိတ်မပါတဲ့ စကားတွေလည်း ပြောရဦးမည်၊ ဒီအသိုင်းအဝိုင်းမှာ သူတကယ် မနေချင်တော့ပါ ဖြစ်နိုင်ရင် ကလေးလေးနဲ့ပဲ သူတို့ရဲ့ သီးသန့်ကမ္ဘာလေးမှာသာ သူနေချင်တော့သည်၊

" ‌နောက်ပြီး ငါ့မိတ်ဆွေရဲ့ သားပါလာလိမ့်မယ် သူ့ကို စကားလေး ဘာလေးပြောဦး ငါ့ကို မျက်နှာ ပျက်အောင် မလုပ်နဲ့၊ နောက်ပြီး သူ့ကို မင်း Condo မှာနေခိုင်းလိုက် မင်းလည်း အဲ့မှာသွားနေ စံအိမ်ကို မလာနဲ့တော့ ငါပြောတာ သဘောပေါက်လား သူဒီမှာနေတဲ့အချိန်အတွင်း မင်းကပဲ အစစအရာရာ ကူညီပေးရမယ် "

" အဖေ "

သူတကယ် စိတ်ပျက်မိပါသည်၊ သူ့သဘော သူ့ဆန္ဒမပါဘဲနဲ့ ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ၊ သူစိမ်းတစ်ယောက်နဲ့ သူအတူတူ မနေချင်ပါ၊ သူဌေးသားဆိုတော့ ဘယ်လောက်တောင် အလိုလိုက်ခံထားရပြီး ဆိုးနေမလဲ မသိ၊ တကယ်ကို တွေးပြီး စိတ်ညစ်မိပါသည်၊ ဒါပေမယ့် Dinner ရောက်မှ သူထင်ထားသလို မဟုတ်မှန်း သိခဲ့ရတော့တယ်၊

" တွေ့ရတာ ဝမ်းသာပါတယ် Kim Ji Woong လို့ ခေါ်ပါတယ်ဗျ "

Ji Woong တစ်ဖက် လူကြီးတွေထံ သူ့ကိုယ်သူ အရင်မိတ်ဆက်လိုက်သည်၊ ထိုအခါ သူတို့ရဲ့ သားဖြစ်သူကလည်း ပြန်ပြီး မိတ်ဆက်စကားဆိုလာသည်၊ ထိုကောင်လေးလည်း သူ့နည်းတူ တည်တံ့နေသော မျက်နှာဖြင့်ပင်၊

" ရှန်ချွမ်ရွှေ့လို့ ခေါ်ပါတယ် ခေါ်လို့လွယ်အောင် Ricky လို့လည်း ခေါ်လို့ရပါတယ် "

မိတ်ဆက်ပြီး ကိုယ့်နေရာကိုယ် ထိုင်နေကြတဲ့ သူတို့၊ သူတို့ နှစ်ယောက်လုံးထက် ကျောက်တိုင်တွေကမှ ပိုအသက်ဝင်ဦးမယ်ထင်တယ်၊ ဒီကောင်လေးလဲ သူ့လိုမျိုးပဲဆိုတာ သိလိုက်ရတော့ သူနည်းနည်း စိတ်သက်သာရာ ရသွားရသည်၊ အဆိုးအတေလေးဖြစ်မယ်ထင်နေတာ အနေအေးတော့ တော်သေးတာပေါ့လို့ သူတွေးလိုက်မိသည်၊ သူ့ထက် အသက်အများကြီး ငယ်ပေမယ့် တည်တည် ငြိမ်ငြိမ်ရှိတော့ သူတကယ် ကျေနပ်မိတယ်၊

MIDNIGHT Where stories live. Discover now