EPISODE 10

105 32 0
                                    

Recommend song - Missing you

ညခင်းဘက် သူအပြင်မှာထွက်ထိုင်နေခဲ့သည်၊ ဒီနေ့က လရဲ့မျက်နှာပြင်တစ်ခုလုံး လုံးဝန်းပြီး ပြည့်နေတဲ့ ည၊

ညအမှောင်ထုထဲမှာ သူသိပ်ကို သဘောကျရတဲ့လကို တစိမ့်စိမ့်ကြည့်ခြင်းက သူ့အဖို့ အေးချမ်းခြင်းကို ရစေသည်၊ ဒီလိုခံစားချက်မျိုး၊ သူဒီလိုမျိုး လကိုမကြည့်ဖြစ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်နေ့က နောက်ဆုံးကြည့်ခဲ့မိလဲဆိုတာကို သူမသိတော့၊

ကောင်းကင်က လမင်းကြီးက ညအမှောင်ထုအား အေးချမ်းတဲ့ အလင်းရောင်ကို ပေးစွမ်းနေသည်၊ ပတ်ဝန်းကျင်ကလည်း အလိုက်သိစွာ တိတ်ဆိတ်လို့နေတယ်၊ လေတိုးသံ သစ်ရွက်တို့လျပ်ပြေးသံက အေးချမ်းခြင်းရဲ့ ဂီတ သံစဉ်တွေဖြစ်‌နေမည်ထင်၊ တစ်ချက်ချက် တိုက်ခတ်လာတဲ့ လေအ‌ဝေ့မှာ သူရဲ့အပူတွေအားလုံး ပါသွားသလိုမျိုး ခံစားနေရ၏။

သူဒီလို အချိန်မျိုးကို သိပ််သဘောကျရပါသည်၊

" Hyung ဒီမှာ ဘာထိုင်လုပ်နေတာလဲ "

ရောက်လာပါပြီ ဘေးအိမ်က အရှုတ်ကောင်လေး

" လရဲ့ အလင်းရောင်ကို ခံစားနေတာ "

" ကျွန်တော်က Hyung တစ်ယောက်တည်း ထိုင်နေလို့ လာခဲ့တာ၊ Hyung က လကြည့်နေတာကိုး "

Jay က သူ့ကို ဘာစကားမှ မပြောတော့ဘဲ အနားမှာ အလိုက်တသိ ငြိမ်ငြိမ်လေး ထိုင်နေပါသည်၊ ခဏကြာတော့ သူရဲ့အသံ တိတိကျကျ ပြောရရင် သီချင်းဆိုတဲ့ အသံက အခုလို အခြေအနေမျိုးနဲ့ လိုက်ဖက်စွာ ထွက်ပေါ်လာခဲ့တယ်၊

" 너를 그리워하다 하루가 다 지났어 "
မင်းကို သတိရနေရင်းနဲ့ တနေ့တာဟာ ကုန်ဆုံးသွားပြန်ပြီ

" 너를 그리워하다 일 년이 가버렸어 "
မင်းကို သတိရနေရင်းနဲ့ပဲ တစ်နှစ်တာဆိုတဲ့ အချိန်က ထပ်ပြီး ကုန်ဆုံးသွားခဲ့ပြန်ပြီ

" 난 그냥 그렇게 살아 "
ငါ ဒီတ်ိုင်းပဲ အဲ့လိုမျိုး ရှင်သန်နေပါတယ်

MIDNIGHT Where stories live. Discover now