EPISODE 18

118 24 3
                                    

Ji Woongရဲ့Condo ကိုရောက်တာနဲ့ Ricky ကိုမြင်တော့ ကလေးလေးကအံ့ဩသွားသယောင်၊

" သူက "

" အော် သူလား Ricky လို့ ခေါ်တယ် ကိုယ့်စီးပွား ရေးမိတ်ဆွေရဲ့သား ဒီမှာ ခဏနေနေတာ "

Ricky ဟာ ခပ်တည်တည်ပင်၊ ကလေးလေးကလဲ ခေါင်းတစ်ချက်ညိတ်ပြရုံကလွဲပြီး ဘာမှမထူးခြားပါ၊

" Ricky ဒါကိုယ့်ကောင်လေး Yoon Jong Woo လို့ ခေါ်တယ်၊ မင်းထက် အသက်ကြီးလိမ့်မယ် "

" တွေ့ရတာ ဝမ်းသာပါတယ် Ricky လို့ ခေါ်ပါတယ် Hyung "

Ricky က သူ့ကိုယ်သူပြုံးပြီး မိတ်ဆက်လာသည်၊ ထို့နောက် လက်ဆွဲနှုတ်ဆက်ရန် ကလေးလေးအား လက်ကမ်းပေးလာသည်၊ အနည်းငယ် ထူး ဆန်းနေပေမယ့် Ji Woong စိတ်ထဲမထားတော့ဘဲ ကလေးလေးကို သူ့အခန်းဆီခေါ်သွားလိုက်တော့သည်၊

" ကလေးလေး ဒီည ကိုကိုတို့နမ်ဆန်တာဝါကို သွားရအောင် "

" ဒီညလား ကိုကို "

" ကလေးလေး အဆင်မပြေရင် မနက်ဖန်မှ သွားကြမယ်လေ "

" မနက်ဖန်မှ သွားရအောင်ကိုကို ကျွန်တော်ပင်ပန်းနေပြီ "

" အင်းကိုကို့ကလေးလေး ရေချိုးပြီး နားတော့နော် "

Jongwoo ရေချိုခန်းထဲကို ရောက်တော့ ‌တနေကုန် သယ်ပိုးထားရတဲ့မျက်ရည်များဟာ လွတ်လပ်စွာ စီးဆင်းလာခဲ့သည်၊

" ပင်ပန်းလိုက်တာ "

" ဘာလို့ ဒီလိုမျိုးပင်ပန်း‌နေရတာလဲ "

သူ့မျက်ရည်များဟာ ရေနဲ့အတူမျောပါသွားပြီး သူ့စိတ်အစုံဟာလည်း ထိုနည်းတူ မျောပါသွားခဲ့ရင်ကောင်းမည်၊ သည်လောက်ထိ ခက်ခဲနေမည်ဟု သူမထင်ထားခဲ့ပါ၊

အကြောင်းပြချက်မျိုးစုံဖြင့် သူ့ကိုယ်သူ ဖြေသိမ့်နေခဲ့မိသည်၊ အစမို့နေမှာပါ ကြိုးစားလိုက်ရင် ဖြစ်လာနိုင်မှာပါ၊ ကိုကိုကသူ့ရဲ့အချစ်ဦး သူသိပ်ချစ်ခဲ့ရတဲ့သူလေ၊ ခုထိ သူ့နှလုံးသားထဲမှာ ကိုကိုက ရှိနေသေးတယ်၊ နောက်လဲရှိနေဦးမှာ၊ ဒီအတိုင်းလေးပဲ နေသွားကြရအောင်

" အဆင်ပြေမှာပါ ငါတို့လေ "
____________________________________________

MIDNIGHT Where stories live. Discover now