EPISODE 19

122 23 7
                                    

" ကလေးလေး ဒီနေ့ကိုယ်တို့အပြင်သွားကြမလား "

ပိတ်ရက်ဖြစ်သည်မို့ စိတ်အပန်းဖြေဖို့ရာ ကလေးလေးနဲ့အတူတူ အပြင်သွားရန်သူစဉ်းစားထားပါ သည်၊

" ဟုတ်ကိုကို "

" ကလေးလေး ဘယ်သွားချင်လဲ "

" ကိုကိုကရောဟင် "

အမြဲတမ်းလိုလို သူ့ဆန္ဒကိုမပြောဘဲ သူ့စိတ်ခံစားချက်တွေကို မထုတ်ဖော်ဘဲ နေနေခဲ့တဲ့ ကလေးလေး၊

" ကိုကို ကျွန်တော် အပြင်သွားချင်တယ် "

" ကိုကို ကျွန်တော့်တို့ Amusement Park သွားရအောင် "

" ကိုကို ကျွန်တော် ကြက်ကြော် စားချင်တယ် "

" ကိုကို ကျွန်တော့်ကို ရုပ်ရှင်လိုက်ပြပါ "

" ကျွန်တော်တို့ ဟန်မြစ်ကို သွားရအောင် "

ဒီလိုမျိုး အမြဲတမ်း သူလိုချင်တာကို ပူဆာတတ်တဲ့ ကလေးလေးမဟုတ်လား၊ အရင်ကလို မဟုတ်ဘဲ ပြောင်းလဲသွားတဲ့ ကလေးလေး၊

တနေ့ပြီးတစ်နေ့ ပြောင်းလဲလာတဲ့ကလေးလေးရဲ့ပုံစံကို အနီးဆုံးမှာရှိနေတဲ့ သူကသတိမထားမိရတော့ဘူးလား၊ သိနေပေမယ့် လက်မလွှတ်နိုင်သေးတော့ သူမျက်စိစုံမှိတ်ပြီး ဆွဲထားချင်မိသေးတယ်၊ ခဏလောက်လေးပဲဖြစ်ဖြစ် ကလေးငယ်ကို သူ့အနားမှာ ထပ်ရှိနေစေချင်သေးတယ်၊ သို့ပေမယ့်

" ကိုယ်တို့ Bangok ကို ခရီးထွက်ကြမလား "

" Bangok ကို !? "

အကယ်၍ ခရီးများထွက်လိုက်ရင် ကလေးလေးရဲ့ စိတ်ကလေးနည်းနည်းလောက်များ ပိုပြီးပျော်ရွှင်လာနိုင်မလားဆိုတဲ့စိတ်နဲ့ သူ Bangok ကို သွားဖို့ရာ စိတ်ကူးမိခြင်းပင်၊

မထင်မှတ်ထားတာကြောင့် အံ့ဩသွားဟန်ရှိတဲ့ ကလေးလေးက သိပ်ကို ချစ်ဖို့ကောင်းပါသည်၊ သို့ပေမယ့် ခဏလေးအတွင်းမှာပဲ ပြန်ငြိမ်ကျသွားခဲ့တယ်၊

" ဒီည ဟန်မြစ်ကို သွားရအောင် ကိုကို "

ပထမဆုံးအကြိမ် ကလေးလေးရဲ့ဆန္ဒကိုထုတ် ဖော်ပြောခြင်းပါ၊ သူ့အနေနဲ့မငြင်းဆန်နိုင်ပါ၊ ကလေးလေး လုပ်ချင်တာမှန်သမျှကို သူအစွမ်း ကုန်ဖြည့် ဆည်းပေးမှာမို့

MIDNIGHT Where stories live. Discover now