EPISODE 6

110 31 0
                                    

အိမ်ရှေ့က ကားဟွန်းတီးသံ ကြားတာနဲ့ မျှော်နေတဲ့ သူများ ဖြစ်မလားဆိုတဲ့ အထင်နဲ့ Jongwoo ပြေးထွက်သွားမိတယ်၊ တကယ်လည်း ဟုတ်ပါတယ် ဘေးအိမ်က ကောင်လေး Hee Choi ပြန်လာပြီ

သူ့ကို မြင်တာနဲ့ အပြုံးတွေနဲ့ ကြိုဆိုနေတဲ့ ကောင်လေး၊ မြင်ရတာ အေးချမ်းလွန်းတယ် မဟုတ်လား၊ ကောင်လေး သူ့ရှေ့ကို ရောက်တာနဲ့ Jongwoo ဖက်ထားလိုက်မိတယ် အခုပဲ လွတ်ထွက်သွားတော့မယ့် ပူဖောင်းလိုမျိုး သူ Hee Choi ကို၊ မဟုတ်ဘူး Choi Hee Chang ဆိုတဲ့ ဘေးအိမ်က ကောင်လေးကို

ဒါပေမယ့် သူရဲ့ လက်ကျန်အားတွေက အဲ့အချိန်မှာပဲ ကုန်သွားပြီထင်ပါရဲ့၊ သူချက်ချင်း အမှောင်ထုထဲကို ရောက်သွားတော့သည်

-

သူ့ကို မြင်တာနဲ့ အပြေးလာဖက်တဲ့ Hyung ကြောင့် Jay တကယ်ကို အံ့အားသင့်သွားရပါတယ်၊

" ဘယ်လိုလုပ် Hyung က သူ့ကို "

ဒါပေမယ့် Hyungက ချက်ချင်းမေ့လဲ ကျသွားတာကြောင့် စိုးရိမ်စိတ်က ထိုးတက်လာခဲ့သည်၊

" Hyung Hyung ကျွန်တော် ခေါ်နေတာကြားလား သတိထားပါဦး Hyung Jongwoo Hyung "

Jay အချိန်ဆွဲမနေဘဲ Hyung ကို အိမ်ထဲမြန်မြန် ပွေ့ခေါ်သွားလိုက်တယ်၊ Hyung ကို အိပ်ယာပေါ် အသာချလိုက်ပြီး ဒေါ်ကြီးကိုအမြန်သွားခေါ်လိုက်သည်

" ဒေါ်ဒေါ် Jongwoo Hyung မေ့လဲသွားတယ်၊ ဒီအနီး အနားမှာ ဆေးခန်းရှိလား ကျွန်တော်‌တို့ Doctor အမြန်ခေါ်မှ ဖြစ်မယ် "

" ဒီနားလေးတင်ပဲ ဒေါ်ဒေါ်သွားခေါ်လိုက်မယ် သား Jongwoo လေးနားမှာ ခဏနေနေပေး "

ပြောပြီးတာနဲ့ ခပ်သွက်သွက် ထွက်သွားသော အဒေါ်ကြီး၊ Jay လည်း Hyung နားမှာပဲ နေရင်း အဒေါ်ကြီး အလာကို စောင့်နေလိုက်တော့သည်၊

Hyung က ဒီနေ့ လက်တို အင်္ကျီဝတ်ထားတာကို သူအခုမှသတိထားမိသည်၊ Hyungရဲ့ လက်မှာ သူတစ်ခါမှမမြင်ဖူးတဲ့ Tattoo ရှ်ိနေပါသည်၊တကယ်ကို လက်ရာမြောက်ပြီးလှတဲ့ တက်တူး မဟုတ်လား၊ ဒါကို သူဘာလို့အရင်ကမမြင်မိတာပါလိမ့်၊ သေချာတာကတော့ အင်္ကျီလက်ရှည် အမြဲဝတ်ထားတတ်တဲ့ Hyung ကြောင့်ပေါ့

MIDNIGHT Where stories live. Discover now