EPISODE 14

108 28 6
                                    

" Hyung လာ ဒီနေ့ ကျွန်တော် ကော်ဖီဖျော်တိုက်မယ် "

Jay ရဲ့ ဆန္ဒအတိုင်း သူလိုက်လာခဲ့ရ၏။ ခုတော့ Jay က သူ့အတွက် ဖျော်ပေးနေလေတယ်၊ Jay ကိုကြည့်ရတာ ဒီနေ့ တကယ် ထူးထူးခြားခြား ဖြစ်‌လို့‌နေသည်၊ ကြည်လင်သန့်ရှင်းနေသည်ဟု ပြောရမလား အင်္ကျီလက်ရှည် အဖြူကို ဝတ်ထားပြီး လက်နှစ်ဖက်ကို ခေါက်တင်လို့ထားသည်၊
ထပ်ပြီးဝတ်ထားတဲ့ APRON အညိုရောင်ကြောင့် ပိုပြီးကြည့်ကောင်းတဲ့ အသွင်ကို ဆောင်နေတယ်၊ 

" CAKE လည်း လုပ်ပေးမယ် ဘာအရသာစားချင်လဲ Hyung"

" မင်းက ဘာလို့ အကုန်လုပ်တတ်နေရတာလဲ "

ပန်းချီဆွဲတာကစလို့ သီချင်းဆိုတာ စန္ဒရားတီးတာ Guitar, Drum အစရှိတဲ့ အနုပညာနဲ့ ပတ်သတ်တာ တော်‌တော်များများကို ရင်းနှီးကျွမ်းဝင်နေတဲ့ Jay က အစာအသောက်နဲ့ ပတ်သက်ပြီးလည်း လုပ်တတ်သေးသည်ပေါ့၊

" ဒါပေမယ့် Hyung ချစ်လာအောင်တော့ ကျွန်တော် မလုပ်တတ်သေးဘူး "

Jay ရဲ့ အဖြေကြောင့် ငြိမ်ကျသွားသော Hyung

" Chocolate Cake စားမလား Hyung"

" ငါစားမယ်ပြောရင် မင်းက မလုပ်ပေးတော့ဘူးမလား၊ စတော်ဘယ်ရီကိတ်လုပ်ပေး "

" မရဘူး ချောကလက်ကိတ်ပဲ လုပ်ပေးမယ် "

" ကြည့် လုပ်ပြန်ပြီ "

ဒီ‌ငဂျစ်လေးကိုတော့ သူတကယ် မနိုင်ပါ၊ ဘယ်လိုနေနေ သူရွေးချယ်တဲ့အတိုင်း လုပ်မယ့်ကိစ္စကို လာမေးနေသေးတယ်၊ကောင်းတဲ့ကောင်လေး ဟု Jongwoo စိတ်ထဲကနေ ကြိတ်ပြောနေလိုက်သည်၊

" ကျွန်တော်က Hyung ကို  အသစ်အဆန်းတွေကို ခံစားစေချင်လို့ပါ၊ သဘောကျတဲ့အရာကိုပဲ ထပ်ခါ ထပ်ခါ ရွေးချယ်နေခြင်းက ငြီးငွေ့စရာကောင်းတယ်၊ တစ်ခါတစ်လေမှာ အသစ်အသစ်တွေကလည်း ကိုယ့်သဘောကျတဲ့အရာတွေဖြစ်လာနိုင်တယ်ဆိုတာ သိစေချင်ရုံ၊ လူ့အကြိုက်ဆိုတာ ပြောင်းလဲတတ်တယ် မဟုတ်လား "

Jay ပြောတဲ့စကားကို သူအာရုံစိုက်ပြီး နားထောင်နေမိသည်၊ အဟောင်းကလဲ တစ်ချိန်က ကိုယ့်အတွက် အသစ်ဖြစ်ခဲ့တာမဟုတ်လား အမြဲတမ်း ပြောင်းလဲပြီး သဘောကျနေမယ်ဆိုရင် တစ်ချိန်ကျ အသစ်ဟာလည်း အဟောင်းဖြစ်လာဦးမယ်ဆိုတာကို နားလည်ရမည် မဟုတ်လား၊

MIDNIGHT Where stories live. Discover now