_ᴀ ᴋᴏ_

1.7K 103 46
                                    

Uni

________

"အကို"
___________________

"ချစ်ခြင်းမေတ္တာဆိုတာ ဟိုလူ့ကို ချစ်ပါ
ဒီလူ့ကို ချစ်ပါ ဆိုပြီး လုပ်လို့ရတဲ့ကစားစရာ အရုပ်ကလေးမှမဟုတ်ဘဲဟာ "

မကျေမနပ် ဖြစ်ဟန်ရှိသောစကားသံ အဆုံးမှာ
ပြတင်းပေါက် အပြင်ဘက်မှာရှိနေတဲ့ မိုးစက်တွေကို ငေးမောနေသော
မျက်ဝန်း တစ်စုံဟာ အရောင်ဖျော့သွားရှာ
စားပွဲပေါ် တတောက်တောက် တီးနေတတ်သော
အသံလေးများ တိတ်ဆိတ်သွားတော့သည်။

"ဝမ်ရိပေါ် "

"ပြော ဘာတွေတရားချအုံးမှာလည်း"

မာန်ဖီနေတဲ့ ကြောင်ပေါက်ကလေး ကဲ့သို့
ဖြစ်နေတဲ့ ဝမ်ရိပေါ်အား ဝမ်မင်ဟန် က
မနိုင်သလို ကြည့်သည်။
ဒီအမှန်တရားတွေကို ငါဘယ်လို ပြောပြရပါ့မလည်း

"ငါ "

"တော်ပြီဆက်မပြောနဲ့ဘာတွေဖြစ်နေနေ
ငါကတော့ ရှောင်းကို ချစ်မှာ ဘဲ
ငါဂရုမစိုက်ဘူး မင်ဟန်"

"ဟေး ငါ့ကိုစောင့်ပါအုံး ဝမ်ရိပေါ် "

"...."

ဒုန်းခနဲ အသံခပ်ကျယ်ကျယ်နဲ့ ပိတ်သွားတဲ့ တံခါးမကြီးကိုကြည့်ကာ
မင်ဟန် အသက်ရှူပင် မဝသလို
ခံစားလိုက်ရသည်။
ဝမ်ရိပေါ်ရာ မင်းသာ စောစောပြောခဲ့ရင်
ငါ နောက်ဆုတ်ခဲ့မှာ
ငါနာကျင်ရရ ငါ မင်းအတွက်
နောက်ဆုတ်ပေးခဲ့မှာ...

_______________

"သခင်လေး ဝမ် ဒီနေ့ ကျောင်း ရှိတယ်ဆို"

" မသွားချင်တော့ဘူး"

"သခင်လေးရယ် သခင်ကြီးပြန်လာရင်
ကြီးကြီး ကို ဆူခံရအောင်လို့လား"

ဝမ်ရိပေါ်က ဆိုးပါတယ်
ဘာတွေအလို မကျမှန်း မသိ
မျက်မှောင်ကျုတ်ပြီး ဆိုဖာပေါ်ကနေ
ကျောင်းမသွား ချင်ကြောင်း တတွတ်တွတ်
ဆန္ဒပြနေသည်။
မင်ဟန် နွားနို့ကို ဖြည်းဖြည်း သောက်နေရာကနေ အကြံအချို့ကြောင့် စားပွဲပေါ် မှောက်ထားတဲ့ ဖုန်းကိုဖွင့်လိုက်သည်။

မကြာလိုက် ခြံရှေ့ကနေ ရင်းနှီးနေကြ
ကားသံကို ခပ်ကျယ်ကျယ်ကြားလိုက်ရသည်။
ဝမ်ရိပေါ်က သူ့အာရုံနဲ့သူ ကြီးကြီးကို
စိတ်ကောက်နေဆဲ ဖြစ်သည်။
မင်ဟန်ဟာ အာရုံ မထားတော့ဘဲ လွယ်အိတ်ထဲက စာအုပ်တွေသာ ပြန်စီနေလိုက်သည်။

If we have second chance!Where stories live. Discover now