-နွေဦးကဗျာ-

336 49 10
                                    

Uni

_______

-နွေဦးကဗျာ-

နွေတွေအလွန်မှာ ဝမ်ရိပေါ်ဆိုတဲ့
ကောင်လေးကို သူ့ရဲ့ အိမ်မက်ကမ္ဘာလေးထဲ
ရှောင်းကျန့် ထည့်ဖွက်ထားချင်မိတယ်။
အရာရာ က ထွက်ပြေးချင်စရာကောင်းလောက်အောင် သူ့ကို စိတ်ဒုက္ခတွေပေးနေပေ
မယ့် အဲ့ဒီမျက်ဝန်းနက်နက်တွေ ထဲက
ရှောင်းကျန့် ဘယ်ကိုမှ ထွက်မပြေးနိုင်ခဲ့ဘူး

" လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ..."

"ဘာလဲကွာ ကလေးရာ မနောက်ပါနဲ့ !"

Waiter လေးလာချပေးတဲ့ ဘီယာဗူးကို
မော့ရင်း အာလေးစွာနဲ့ နာနာကျင်ကျင်
ဆိုမိသည်။ သူ့ကလေးငယ်ဟာ
တကယ်ကြီး သူ့အနားက ပြေးထွက်သွားတာလားလို့ တွေးမိတိုင်း သူ့ အသည်းတွေ အဆ
မတန်နာရတယ်
သူ့ကလေးငယ်နဲ့ တူတဲ့ အရိပ်ကလေးများ
တွေ့ရင်း ရှောင်းကျန့်မှာ အရူးတပိုင်း
အရူးလုံးလုံးဖြစ်ရန် အနည်းငယ်အလို

ဖုန်းလည်းဆက်မရ စာတွေလည်းဝင်မကြည့်
ဝမ်ရိပေါ်က တစ်ကယ်ကြီး
ပြတ်သားသွားလိုက်တာများ ကြည့်ပါအုံး
ရှောင်းကျန့် ဒီ အဖြစ်အပျက်ကို
အခုထိ လက်ခံဖို့ခက်ခဲလွန်းနေသည်။

" သားလေးကို မင်းကပဲ စောင့်ရှောက်ပေးပါ
ရှောင်းကျန့်ရယ် သားက မင်းမရှိရင်
မဖြစ်တော့တဲ့ အခြေအနေပါ ဦးတိူ့ကို
နားလည်ပေးပါလား "

မင်ဟန့် မိဘတွေ စကားက ရှောင်းကျန့်
ပုခုံးပေါ် တာဝန်တစ်ခု ထမ်းပိုးပေးလိုက်ဟန်
နှင့်တူနေသည်။
မင်ဟန့်ကို သူ့ညီလေးလိုမေတ္တာရှိရုံသာ
ဒီအရာကိုတုံးအလွန်းတဲ့သူက အစောကတည်းက သိနေခဲ့ဖို့ကောင်းပေ၏
အခုတော့ အရာရာဟာ နောက်ပြန်လှည့်မရ

" ကလေးငယ်~ "

တုန်ခါလာတဲ့ ဖုန်းဟာ သူ့ချစ်သော
ကလေးဆီမှဖြစ်တာကြောင့် ရှောင်းကျန့်
အလျင်အမြန်ပင်ဖြေဆိုမိသည်မှာ
လျှာတွေလိပ်မတတ်
သူဘယ်လောက်ပျော်သွားလည်း သူသာ
သိပေမည်။

" ရိပေါ်မဟုတ်ဘူး ညီမ သူ့သူငယ်ချင်းပါ "

သူ့ကလေးငယ်ဖုန်းကိုအမျိုးသမီး
တစ်ယောက်က ကိုင်တယ်ဆိုတဲ့ အသိဟာ
ရှောင်းကျန့်ရင်ကို လောင်ကျွမ်းသွားဖို့
လုံလောက်သည်။
ထိုင်နေရာက မတ်တပ်ရပ်လျက်သား
ဖြစ်သွားသည်ထိ

You've reached the end of published parts.

⏰ Last updated: May 19 ⏰

Add this story to your Library to get notified about new parts!

If we have second chance!Where stories live. Discover now