-အချစ်နွံ-

401 53 21
                                    

Uni

_______

-အချစ်နွံ -

___________

ရှောင်းကျန့် အိမ်အနား ရောက်ခါနီး
တုန်ခါနေတဲ့ ဖုန်းကြောင့်
ဆိုင်ကယ်ကို အရှိန်လျှော့မောင်းရင်း
ကိုင်လိုက်သည်။
သူ့ ကလေးငယ် ဘာများ ပြောစရာရှိလို့
ပါလိမ့်

" အကို "

" ရိပေါ်လေး ပြောလေ "

ရိပေါ်ဘယ်နှခါ မြောက်မှန်း မသိတဲ့ သက်ပြင်း
တို့ကို ခပ်ကျယ်ကျယ် ချလိုက်ရင်း
စကားလုံး အချို့ ပြောထွက်ရန် အားယူလိုက်
ရသည်။
သူတိူ့နှစ်ယောက်က ရပ်တန့်လိုက်မှ
ဖြစ်တော့မယ့် ဆက်ဆံရေးမလား

" မင်ဟန့် မိဘတွေ အကိုနဲ့သူ တွဲနေတာ သိသွားပြီတဲ့ မင်ဟန်ပြောပြတာလို့ပြောတယ်အဲ့တာ"

"ဟင် "

ရှောင်းကျန့်သည် ဖုန်းထဲက ရိပေါ် အသံ
ခပ်နွမ်း နွမ်းနဲ့အတူ တံခါးရှေ့က မင်ဟန့်
ပုံရိပ်ကြောင့် ဟင်ခနဲ တအံ့တဩ ဖြစ်သွားရ
သည်။  မင်ဟန်က သူ့ကိုမတိုင်ပင်ပဲ ဘာတွေ
လုပ်နေပြန်တာလည်း

" အကို.."

" ရိပေါ်လေး အကိုနောက်မှပြန်ဆက်လိုက်
မယ်နော်"

"အင်းရပါတယ်"

ဖုန်း ချသွားတာနဲ့ သနားစရာကောင်းသော
မျက်နှာဘေးဖြင့် မင်ဟန့်ကို မေးခွန်များစွာပါသော မျက်ဝန်းတို့ဖြင့် ကြည့်လိုက်မိသည်။
သူ့ရဲ့ ရိပေါ်လေး နာကျင်နေပြီလား
သူ့ကိုချစ်ရတာ ပင်ပန်းနေပြီလား
ရှောင်းကျန့် စိတ်ရူးပေါက်စွာမင်ဟန့်ကိုပင်
မုန်း ပလိုက်ချင်မိသည်။
ဒါပေမယ့်ဒီပြဿနာတွေအားလုံးရဲ့
တရားခံက သူပဲ မဟုတ်ဘူးလား
သူကပဲ ဒီလိုပဲဖြစ်စေခဲ့တာ

" ကိုကို ~"

" နောက်တစ်ခါ ဘာကိုမှ မဆင်မခြင် မလုပ်ခင်
ကိုယ့်ကိုတိုင်ပင်သင့်တယ် မထင်ဘူးလား
မင်ဟန် "

" ကျွန်တော် တောင်းပန်ပါတယ်ကိုကို "

ရှောင်းကျန့် စိတ်ရှုပ်စွာ ပြောလိုက်ရင်း
ဆိုဖာပေါ်ထိုင်တော့ မင်ဟန်က သူ့လှုပ်ရှားမှု
တိုင်းကို ကုပ်ကုပ်ကလေးရပ်ကာ
ကြည့်နေသည်။ မင်ဟန်ဘာကို ဖြစ်ချင်နေတာလည်းဟု တွေးရလျှင်မင်ဟန်က
ဝမ်ရိပေါ်ကို အနိုင်လိုချင်နေတာသာ
ဖြစ်လိမ့်မည်။

If we have second chance!Where stories live. Discover now