-ဆုပ်လည်းစူးစားလည်းရူ-

772 70 28
                                    

Uni

ဆုပ်လည်းစူးစားလည်းရူး

_________

" အိမ်မက်လို့ ကျွန်တော် ထင်နေတုန်းဘဲ.."

"အိမ်မက်မဟုတ်ပါဘူး ရိပေါ်လေး"

ရှောင်းကျန့် မျက်မှန်ကို ယူတပ်ထားတဲ့ ဝမ်ရိပေါ်ဆီမှ ထွက်လာသော စကားကြောင့်
ရှောင်းကျန့် ထိုကောင်လေးလက်ကို တင်းကျပ်စွာ
ဆုပ်ကိုင်လိုက်သည်။
ဤ အခြေအနေ ကို သူဘယ်လိုပြောရမလည်း
ဆုပ်လည်းစူး စားလည်းရူး ဆိုသလိုလား

ဝမ်ရိပေါ်ကို လက်လွတ်လိုက်ရင်
သူ့တဘဝလုံး ရင်နာပြီးရှင်သန်ရမယ်
ရွေးချယ်လိုက်ရင်ရော...
အပြစ်မရှိတဲ့မင်ဟန်က သနားစရာကောင်းစွာ
နာကျင်ရလိမ့်မယ်
မင်ဟန်ရှောင်းကျန့် ကို
ဘယ်လောက်တောင်ချစ်လည်း
ဆိုတာ ရှောင်းကျန့် သိပါသည်။
အရာရာက သူ့အမှားသာ ဖြစ်သည်။

"အရုပ်ကောက်မလားရိပေါ်လေး"

"ဟင် အကိုက ကောက်တတ်လို့လား"

"မကောက်တတ်ဘူးလေ"

အတည်ပေါက်လာပြောနေတဲ့သူကြောင့်
ဝမ်ရိပေါ် ရယ်ရခတ် ငိုရခတ် ဖြစ်သွားရသည်။
ထို့နောက် ရိပေါ်လက်ကို ဆွဲပြီး အကိုက ရှေ့ကနေ
ခြေလှမ်းကျဲပြီးတွေနဲ့သွားတာကြောင့်
သူ့မှ မပြေးရုံတမယ်လိုက်ရသည်။

" မကောက်တတ်ဘဲနဲ့"

"ရမလားလို့ဟီး "

ယုန်သွားလေးတွေ လှစ်ခနဲပေါ်လာသည်ထိ ရယ်ပြလာတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်ပါ လိုက်ပြီး
ပြုံးရယ်မိသည်။ phone ကို ထုတ်ပြီး
သူ့အတွက်အရုပ်ကြိုးစားပန်းစား ကောက်ပေးမယ့် လူကြီးကို Vd ရိုက်ထားလိုက်တော့သည်။

"အယ်အယ်ရတော့မယ်"

"ပါလာပြီ ...ဟာကွာ!"

Point တွေသာကုန်သွားတယ် အရုပ်ရမလာတာကြောင့် ရှောင်းကျန့် မျက်နှာ ဆူပုပ်နေသည်။
ဝမ်ရိပေါ်ကတော့ထိုအရာကိုပင် ချစ်မဝ ခပ်ဆူဆူ
ဖြစ်နေတဲ့ နှုတ်ခမ်း သားတွေကို ခိုးကြည့်ရင်း
မကြာသေးခင်ကမှ သူ့ပါးပြင်မှာ နစ်ဝင်ထားတဲ့
အနမ်း တစ်ပွင့်ကို သတိရသွားသည်။

If we have second chance!Where stories live. Discover now