-ဒီအရိပ်မှာသာခိုလှုံစေချင်-

594 75 12
                                    

Uni

_______

-ဒီအရိပ်မှာသာခိုလှုံစေချင်-

တဒိန်းဒိန်းကိုက်ခဲနေသော
ခေါင်း ကြောင့် ဝေဒနာကို
နာနာကျင်ကျင်ခံစားနေရသည်။
တရိပ်ရိပ်တက်လာတဲ့ ကိုယ်အပူချိန်ကြား
မျှော်နေသူပေါ်မလာ၍ မျက်ဝန်းများ
မှိတ်ကျ မသွားချင်သေး။
သို့သော် သူ အရမ်း အိပ်ချင်လာသည်။

"ရိပေါ်လေး ...!"

ကွေးညွှန့်သွားတဲ့ အသဲပုံ နှုတ်ခမ်းလေးက
အရင်လို သွေးရောင်လွှမ်းမနေ
ဝမ်ရိပေါ် ပျော်သွားပုံက ရိုးရှင်းပါတယ်
သန့်ရှင်းတယ် ...
ရှောင်ကျန့် အိပ်ယာထဲ မလှုပ်မရှက်နေနေတဲ့ ကောင်လေးနား အပြေးကလေးသွားမိသည်။

"အပူတွေ အရမ်း တက်နေတာလား "

" နည်းနည်းပါ "

နဖူးပေါ်က လက်ကလေးကို ဝမ်ရိပေါ်
မဝံရဲစွာ ဆုပ်ကိုင်မိသည်။
အကို့ ဆီက စိုးရိမ်မှုတွေ ဂရုစိုက်မှုတွေက
သူ့အတွက်ရွေတွေ စိန်တွေ ငွေတွေ ထက်
ပို အဖိုးတန် သည်။
ဘာနဲ့မှ နှိုင်းယှဉ်မရအောင် အကိုက
တန်ဖိုးကြီးတယ်

"ဘာကို နည်းနည်းလဲ ပူကျပ်နေတာဘဲ ခနစောင့် အကို ရေပက်တိုက်ပေးမယ်"

"ဟုတ်"

မနေ့ညကနဲ့ဘာမှမဆိုင် အခုကြ ဝမ်ရိပေါ်က
ကြောင်ပေါက်ကလေး လို ချွဲချင်နေသည်။
ရှောင်းကျန့် ရေဇလုံနဲ့ ပြန်လာတော့
ဝမ်ရိပေါ် မှာ မျက်မှောင်ကျုတ်ရင်း သူ့ကိုပင် မကြည့်နိုင်စွာ
ဒီလိုလေး မြင်ရတော့စိတ်မကောင်း
ရင်ထဲ အပြစ်ရှိသလို ခံစားလာရသည်။
ဝမ်ရိပေါ်ကို တစ်ယောက်တည်း
မပြန်ခိုင်းလိုက်သင့်ဘူး

"ရိပေါ်လေး .."

"ကျွန်တော် ခေါင်းကိုက်တယ် "

"ကိုယ်ဆရာဝန်ခေါ်လိုက်မယ်လေ"

"ဟင့်အင်း "

ပူကျပ်နေတဲ့ နဖူးပေါ် ရေပတ်ဝတ်တင်ပေး
ရင်း ကြံရာ မရတဲ့အဆုံး သူပါ
အိပ်ယာပေါ် တက်လိုက်သည်။
ဝမ်ရိပေါ် ကို ပေါင်ပေါ် အိပ်ခိုင်းလိုက်သည်။
ထိလုမတတ် တွန့်ချိုးထားတဲ့ မျက်ခုံးလေးများကို အနူးညံ့ဆုံး ဖြေပေးမိသည်။
ထို့နောက်နားထင်များကို နှိပ်နယ်ပေးလိုက်
တယ် ဝမ်ရိပေါ် မျက်လုံးများ ဖွင့်လာချေပြီ
သူ့ကိုတော့ကြည့်မလာပါဘူး။
နံရံကို ထွေထွေလေးငေးနေတာ
သူကတော့ ရေညစ်လိုက် ကောင်လေး
နဖူးပေါ်တင်လိုက် နှိပ်လိုက်နဲ့
အလှုပ်ရှုပ်နေရသည်။

If we have second chance!Where stories live. Discover now