-ကြယ်လေးတွေကငိုနေတယ်အကို-

488 63 15
                                    

Uni

____

-ကြယ်လေးတွေကငိုနေတယ်အကို-

————————————

" ဟယ်လိုအကို "

နေမြင့်ထိ အိပ်ဖို့ လုပ်နေတဲ့ ဝမ်ရိပေါ်အား
တတီတီမြည်နေတဲ့ ဖုန်းက နိုးနေသည်။
ချစ်ရသူဆီကမို့ ညီးညူခြင်းမရှိတဲ့ ဝမ်ရိပေါ်က
အိပ်ချင်မူးတူးနဲ့ ပြုံးပြီးမှ ဟယ်လိုဆိုသော
စကားကို ဆို၏

" မင်ဟန် ပြောက်သွားပြီ!"

"ဟင်!"

"ဟုတ်တယ်အိမ်က ထွက်သွားတာတဲ့ဘယ်မှာမှလည်းရှာလို့ မတွေ့ဘူး "

ဝမ်ရိပေါ် အပြုံးနုနုတွေ ပြောက်သွား၏
စိတ်ရှုပ်စွာ ဖွာလန်နေတဲ့ ဆံသားတွေကို
ထိုးဖွပြီး အဖြေပေးဖို့ မည်သည့် စကား
ဆိုရမည်မှန်းပင် မသိတော့
မင်ဟန်ဟာ ဘာလို့များ အမြဲ အကို့ကို
အကျပ်ရိုက်အောင်လုပ်နေသလဲ
ရိပေါ် မတွေးတောတတ်တော့

"ကျွန်တော် ကူရှာပေးပါ့မယ်အကို "

" ကျေးဇူးနော်ရိပေါ်လေး "

"ရပါတယ်အကို "

မျက်နှာသစ်ပြီး မနက်စာမစားနိုင်
ရိပေါ် မင်ဟန့်အား ဖုန်းခေါ်ရင်း အလုပ်ရှုပ်နေခဲ့သည်။ ဝင်သွားပေမယ့် တစ်ခါလေးတောင် မကိုင်  မင်ဟန့်အိမ်ကလည်းရိပေါ်အိမ်ထင်လို့တဲ့ သူတို့သားက ညသန်းခေါင်လောက်က
ပြောက်သွားတာ ရိပေါ်အိမ်မှာလည်းရှိမနေ

မင်ဟန် သွားတတ်တဲ့ နေရာတွေ ဝမ်ရိပေါ်
ရှာပုံတော် ဖွင့်ရတော့သည်။
သူ့ချစ်ရသူလေးက စိတ်ပူနေသည်လေ
ဝမ်ရိပေါ် အတွေးပေါင်းစုံနဲ့ ဆိုင်ကယ်ဦးထုပ်
ဆောင်းနေချိန် အကို့ ဆိုင်ကယ်က အိမ်ပေါက်
ရောက်ချလာသည်။

" ရိပေါ်လေး သူသွားတတ်တဲ့နေရာတွေ သိလားဟင်"

" အင်း ကျွန်တော်သိတယ် "

"လာအကိုနဲ့တူတူရှာရအောင်"

ရိပေါ် အငြင်းစကားမဆိုမိ အကို့ ဆိုင်ကယ်
နောက် ငြိမ်သက်စွာ ထိုင်လိုက်သွား၏
မင်ဟန်သည် အကို့ ချစ်သူဖြစ်ကြောင်း
ရိပေါ်မေ့ထားသည်အား မင်ဟန်ဟာ
မလိုချင်ပုံ
ဒါဟာ ဖြစ်လည်း ဖြစ်သင့်ပါသည်လေ

If we have second chance!Where stories live. Discover now