-နောင်တမရစေရဘူး-

443 39 10
                                    

Uni

-နောင်တမရစေရဘူး-

________

" ရိပေါ် သားငယ်ကလေး"

"ဗျာ"

" ဒီမှာသားရဲ့ ဆရာရှောင်းကျန့် ရောက်နေတယ်"

ကြီးကြီးခေါ်သံကြောင့် ရိပေါ် အောက်ထပ်ကို ဆင်းဖို့ ခြေလှမ်းတွေတွန့်သွားရသည်။
သူက အကို့ကို ကြောက်နေတယ်တဲ့လား
ဒါက ဘယ်လိုတောင် စိတ်ပြတ်စရာကောင်း
လိုက်လဲ သူက အကို့ကို ဒီလောက်ချစ်ရတဲ့ဟာ

"အကို"

ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်နေတဲ့လူ
ခေါ်သံကြားတော့ ပြုံးပြလာသည်။
အကို မသိပါဘူး
အဲ့ဒီအပြုံးတွေက ဝမ်ရိပေါ်ကို သေစေနိုင်
တယ်ဆိုတာကိုပေါ့
အကို့အပြုံးတွေကလူကိုသေစေနိုင်တဲ့
လက်နတ် တစ်မျိုး ဘဲ ဒါကို
အကိုသိနေဖို့ကောင်းတယ်

"လာရိပေါ်လေး သွားဆော့ရအောင်"

အကိုက ပိုင်စိုးပိုင်နင်းဆန်တယ်
အခုလည်း သူ့လက်ကိုဆွဲပြီး အခန်းထဲ ဆွဲခေါ်သွား ပြန်သည်။ ရိပေါ် အကို့ဆီက
ရုန်း မထွက်နိုင်ကြောင်း တစတစ
သေချာလာသည်။
ဤသည်မှာဝမ်းနည်းစရာ ပင်ကောင်းနေသေးသည်။

"အကို တကယ်လာမယ်မထင်ထားဘူး"

" တွေ့ချင်လို့..."

မိုနိုပိုလီ ကိုနေရာချနေတဲ့ရှောင်းကျန့်က
ဘာမဟုတ်တဲ့အတိုင်း ထိုစကားကို အေးအေးဆေးဆေး ဆိုသည်။
ဝမ်ရိပေါ်ရင်ဘက်ထဲတော့ ဗလောင်ဆူသွားရရှာ
အကို့ဆီမှာပျော်မွေ့နေပြီးမှ အမြင့်ဆုံးဆွဲခေါ်ခံရပြီး ရိုက်ချခံရမှာကိုလည်းရိပေါ်ကြောက်နေမိသည်။

" အကို "

"ဗျာ"

"ကျွန်တော် ဘီယာသောက်ချင်တယ်"

အကိုက မျက်ခုံးတစ်ဖက်ပင့်ကြည့်တယ်
ဝမ်ရိပေါ်နောက်တစ်ခါရူးသွပ်ရပြန်သည်။
အကိုဟာ လူကိုသေစေနိုင်တဲ့လက်နက်ပါပဲ
အကို့အရာရာက ရူးလောက်စရာရူးချင်စရာ
စိုက်ကြည့်ခံနေရသည်မို့မနေတတ်စွာ
အောက်နှုတ်ခမ်းကိုဖိကိုက်မိတယ်။ ရှောင်းကျန့်အကြည့်တွေစူးရှလာမှန်း ဝမ်ရိပေါ်မသိခဲ့ရိုးအမှန်ပါ

If we have second chance!Where stories live. Discover now