-ပျော်အောင်ထားပါ့မယ်-

602 75 23
                                    

Uni

-ပျော်အောင်ထားပါ့မယ်-

"လူလိမ်လေးနော် မထင်ရဘူးဘဲ"

အနောက်က ထွက်လာတဲ့ အသံကြောင့်
ဝမ်ရိပေါ်ခါးကလေး မတ်ခနဲဖြစ်သွားရသည်။
ချူးရှိုးယဲ့နဲ့ရုပ်ရှင်ကြည့်ပါမည်ဆိုသော
ဝမ်ရိပေါ်ဟာ ကျောင်း စာကြည့်တိုက်မှာရှိနေသည်။
ဝမ်ရိပေါ်က မော့မကြည့်သော်လည်း
ရင်းနှီးနေသော ခပ်ဖွဖွ ခြေသံအား နားစွင့်သည်။
သူ့ရှေ့ ရောက်နေမှန်း သိသွားတော့ ကောင်လေးက
အတော်ကြာမှ စိတ်ကို ပြင်ဆင်ပြီး
မော့ကြည့်နိုင်သည်။

"အကို ဘယ်လိုသိတာလဲ ကျွန်တော်ဒီမှာရှိတာကို"

" ဒီလိုပါဘဲ ကျောင်းကို ပတ်ရှာလိုက်တာ"

"ဟွန်...အပြင်မှာရှာရမှာမဟုတ်ဘူးလား"

"မင်း တကယ်မသွားမှန်း အကိုက သိတယ်လေ "

ရှောင်းကျန့်က ပြုံးပြီး မျက်နှာချင်းဆိုင်မှာ
ဝင်ထိုင်သည်။ လက်ထဲတွင်လည်း
ပြဇာတ်စာအုပ်တစ်အုပ် ကိုင်ထားသေး၏
ဝမ်ရိပေါ်သည် ဘာကိုမှ နားမလည်နိုင်သေးခင်မှာ
ပင်သူ၏ အမှတ်သည်းချေ မရှိပါသော
နှလုံးသားကလေးမှာ ခုန်ပေါက် နေပြီဖြစ်လေသည်။

"ရိပေါ်လေး အတွက်"

"ဟင်..!"

"ရိပေါ်လေးက..နို့ကိုသိပ်မကြိုက်လှဘူးပြောလို့"

ဝမ်ရိပေါ်သည် စားပွဲပေါ်က စတော်ဘယ်ရီဗူးကလေးကို ကြည့်ရင်း အကို့ကို ချစ်ဖို့ ဘယ်လိုမှ
ရပ်တန့်မပစ်နိုင်တော့မှန်းသဘောပေါက်လာ၏
ဂုတ်ကို ပွတ်ကာပြောနေသော ရှောင်းကျန့်၏
ပုံမှာမသိလျှင်တော့ တစ်စုံတစ်ယောက်ကို
ရည်းစားစကားပြောပြီး၍ရှက်နေသော လူပျို
ပေါက်ကလေး သဖွယ်တူနေရှာသည်။

ဝမ်ရိပေါ်က မင်ဟန့်ကိုဘယ်လိုထားခဲ့လည်း မမေးတော့ ရှောင်းကျန့်ကလည်းစကားစမလာဘူး
တစ်ကယ်က မင်ဟန်ကို လမ်းတစ်ဝက်မှ
သွားချင်စိတ်မပါတော့ဘူးဆိုပြီး ရန်ဖြစ်ပြီး
အိမ်ပြန်ပို့ပေးခဲ့တာ
ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်က အနည်းငယ်
ဆိုးတတ်လာတယ်

"ရိပေါ်လေး "

"ဟုတ်ကဲ့ "

ဝမ်ရိပေါ် စာမှတ်နေရာက အကို့ကို မော့ကြည့်လိုက်
သည့်အခါ အဓိပ္ပာယ်ပေါင်းများစွာစီးဝင်နေသော
မျက်ဝန်းညိုများနှင့်ဆုံလေသည်။
ကမ္ဘာကြီးတစ်ခုလုံး အရောင်တောက်သွားသည်။
အရာရာ မြင်မြင်သမျှလှပလာတယ်
ထိုအရာတွေထဲတွင် အကိုဟာ သူသဘောအကျရဆုံး သက်ရှိ ဖြစ်၏

If we have second chance!Where stories live. Discover now