_ညီလေးလို ချစ်ပါတယ်_

752 89 14
                                    

Uni

________

"ညီလေးလိုချစ်ပါတယ်"

__________

"ကျွန်တော်ပြန်မယ်"

"ရိပေါ်လေး အခု အရမ်း မိုးချုပ်နေပြီ"

လက်ကို ဆွဲထားတဲ့ ရှောင်းကျန့်ကို
ဝမ်ရိပေါ် နာနာကျင်ကျင်ကြည့်မိသည်။
ဘာကြောင့် မျှော်လင့်ချက်တွေပေးခဲ့သေး
လည်း မဟုတ်ဘူး အကိုက အခုထိ
ဆက်ပြီး ဝမ်ရိပေါ် ကို ထင်ယောင်ထင်မှား
ဖြစ်အောင်လုပ်နေတာ

"ကျွန်တော်ကို စိတ်မပူနဲ့ "

"ဒီညတော့ ဒီမှာ အိပ်လိုက်တော့"

*ကျွန်တော် အကို့အနားမှာ မနေချင်တော့ဘူး*

အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး
စကား အချို့ ထွက် ကျမလာဖို့ ထိန်းချုပ်ထား
ရသည်။ ဖြစ်နိုင်လျှင်ဒီလူကို မုန်းလိုက်ချင်
ပါသည်။ သိူ့သော် အမှတ်သည်းခြေ မရှိသော
ဝမ်ရိပေါ် နှလုံးသားလေးဟာ ရှောင်းကျန့် ကို
ချစ်နေဆဲ ဖြစ်သည်။

"ဘာလို့ မျှော်လင့်ချက်တွေပေးခဲ့သေးလဲ !"

" သံယောဇဉ်ရှိပါတယ်အကို မင်းကို ချစ်တယ်
ဝမ်ရိပေါ်"

"...!"

"အကို မင်းကိုညီလေး တစ်ယောက်လို ချစ်ပါတယ်"

အကို မသိသော ကမ္ဘာငယ်တစ်ခုဟာ
တိတ်တဆိတ်ပြိုကွဲသွားသည်။
ဒီတစ်လျှောက်လုံးပေးခဲ့တဲမျှော်လင့်ချက်တွေက ညီလေးလို တဲ့ဒီအမှန်တရားကို
ကျွန်တော် ဘယ်လို ခံယူရမလဲအကို
ကျွန်တော်ဘယ်လိုများ ခံယူရမလဲ

ရှောင်းကျန့် ဆုပ်ကိုင်ထားသော ဝမ်ရိပေါ်
လက်ဖြူဖြူလေးမှာရုန်းကန်ခြင်းတို့
မရှိတော့။
ဝမ်ရိပေါ်သည် အလွန်တရာမှ ငြိမ်သက်သွား
တော့သည်။
ညီလေးလို ချစ်တယ်တဲ့....
နားထဲ ကျယ်လောင်စွာ မြည်ဟည်းသွားတဲ့
ထိုစကားသံကို ဝမ်ရိပေါ် အသည်း အသန်
အဓိပ္ပာယ်ဖော်ဆဲ
သူ့ ဆရာ ရှောင်းကျန့်က သူ့ကို ညီလေးလို
ချစ်ပါသည်တဲ့
ဘယ်လောက်တောင်
ရယ်စရာကောင်းလိုက်လည်း

"ရိပေါ်လေး"

"..."

ရှောင်းကျန့်လက်ကို ဖယ် ချသွားတဲ့
ဝမ်ရိပေါ်က ဆိုဖာ ပေါ်ကွေးကွေးလေး
သွားအိပ်သည်။
ဝမ်ရိပေါ် ကျောပြင်ကို ကြည့်ပြီး ကျလာတဲ့
မျက်ရည်စတွေအတွက် ရှောင်းကျန့်မှာ
အဖြေ မရှိပေ
ဝမ်ရိပေါ်အနား ရှိရင် သူပျော်တယ်
ဝမ်ရိပေါ် ရေချိုးပြီးခါစဆို ရတတ်တဲ့
ဆပ်ပြာနံ့လေးတွေ ရရင် ရှောင်းကျန့်က
ကြည်နူးနေတတ်တယ်
ဝမ်ရိပေါ်ကို မငိုစေချင်ဘူး ပျော်စေချင်တယ်
ဟိုး အမြင့်မှာ သာရှိစေချင်တယ်
ဒါညီလေးလို ချစ်တာဘဲ မဟုတ်ဘူးလား

If we have second chance!Dove le storie prendono vita. Scoprilo ora